ch.2.uni&zgi

5.3K 286 3
                                    

ငါလေးကခွေးသွေးပက်စာအုပ်ထဲကိုဗီလိန်အဖြစ်ကူးပြောင်းသွားတယ်

အပိုင်း(2) ဆိုက်ကိုရုံကျွင်း

စာရေးသူဘက်က အတန်ကြာအောင် typingပြနေပေမဲ့ စာတက်မလာဘူးး

ဘာလို့့မှန်းမသိ အဲ့ typingနဲ့နောက်ကပေါ်နေတဲ့အစက်လေ‌းတွေက သူမကိုအိပ်ငိုက်လာစေတယ်

အဲ့လိုနဲ့ပဲ သူမ အိပ်ပျော်သွားခဲ့တော့တာပေါ့

မဟုတ်သေးဘူးနော်

တခုခုတော့လွဲနေတယ်နော်

မနက်ကြီးပဲရှိသေးတာကို သူမက ဘာလို့အိပ်ငိုက်လာရတာလဲ

"ယုရန် ! ယုရန် !  ထစမ်း မနက်စေ‌ာစောစီးစီးအိပ်ငိုက်နေတာမရှက်ဘူးလား ဖြန်းးးးးး "

"အ "

တင်ပါးက စပ်စပ်နာနာဖြစ်မူ့ကြောင့်
သူမနိုးလာခဲ့တယ်

ဟမ် ဘာတွေလဲ

ဘာလဲ ဘာလဲ

ငါဘယ်နားရောက်နေတာလဲ !

သူမ မျက်လုံးပွတ်ကြည့်လိုက်တော့ မျက်မှန်ကိုလဲမတွေ့ဘူး

အမ် ?

သူမလိုပုလင်းဖင်က မျက်မှန်မပါပဲ မြင်နိုင်တယ်တဲ့လား

" ယေးးးးးးး နောက်ဆုံးတော့ ငါ့ရဲ့မျက်ကန်းဘဝကလွတ်ပြီဟေးး "

"ယု ! ရန် ! "

"ဟမ် ! "

"အခု ဒီအထိန်းတော်ကြီးကို ဟမ်လို့ထူးလိုက်လား "

"အ ထိန်း တော် ? "

သူမ မျက်စိများအမြင်မှားနေတာလား ဒီနေရာက သူမရဲ့အခန်းမဟုတ်တဲ့အပြင် မိုးထိအောင်မြင့်တဲ့ တိုင်လုံးကြီးတွေကိုလဲရွှေချထားလိုက်သေးတယ်

ခေါင်းကိုစက်ဝိုင်းလိုလည်နေရင်းနဲ့သူမထပ်တွေ့လိုက်ရတာက

မိန်းမလှလေးတွေအများကြီးရယ် သူသူကိုယ်ကိုယ်ခြယ်ထားကြတာ အရမ်းလှနေရော 

တခုပဲ အားလုံးက သူမကို သေလူဆိုတဲ့သဘောနဲ့ကြည့်နေကြတာပဲ

အဲ့တော့မှ သူမကိုယ်သူမပြန်ကြည့်မိတယ်

သူမလဲဘာထူးလဲ ခရမ်းရောင်ဝတ်ရုံလေးနဲ့ လှ.....

အဲ အရမ်းလှနေတယ်ဆိုမှ သူမ အိမ်မက်မက်နေတာလားပဲ

(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)Where stories live. Discover now