65.

1.8K 77 1
                                    

Moe yanant thin 080:
ငါလေးကခွေးသွေးပက်စာအုပ်ထဲကိုဗီလိန်အဖြစ်ကူးပြောင်းသွားတယ်

အပိုင်း(65)

စိတ်မဆိုးပါဘူး အဖေရဲ့ဆုံးဖြတ်ချက်ကိုလေးစားပေးရမှာပေါ့ အဲ့အချိန်က အဖေ့ကိုမကယ်နိုင်တာကိုပဲ နဲနဲလေးဖုထစ်မိတာပါ ထားလိုက်ပါတေ့ာလေ လူတစ်ယောက်ကိုကယ်ရတဲ့အကျိုးကြောင့် ပါးကကျိန်းသေပေါက် နတ်ပြည်ရောက်မှာပါ "

သူမပြောပြီးတာနဲ့ချက်ချင်းပဲ သူ့ရင်ခွင်ထဲဆွဲထည့်တာကိုခံလိုက်ရတယ်

"မထင်မှတ်ထားလောက်အောင်မင်းကမြင့်မြတ်တဲ့စိတ်ရှိတာပဲ ကိုယ်အရမ်းဝမ်းသာတယ် ဂုဏ်လဲယူတယ် သိလားရန်ရန်"

"အွန်း သိတယ် "

"တော်လိုက်တဲ့ကလေး"

လင်းယုရန် သူ့ရဲ့ယောကျာ်းဆန်တဲ့ရင်ငွေ့ကိုခိုလှုံရင်း သူ့ခါးကိုဖက်ထားလိုက်တယ်

ခေတ်သစ်ကိုလဲပြန်ရောက်လာတယ် သူ့ကိုလဲ ပြန်တွေ့ရတယ် အရမ်းကောင်းတာပဲ

သူ့ရဲ့ကိုယ်သင်းရနံ့က သူမရဲ့ဒဏ်ရာတွေကို သက်သာစေလို့ သူ့ကိုပိုတိုးပြီးဖက်ထားလိုက်တယ် ပါးလွှပြီး ယောကျာ်းတစ်ယောက်ရဲ့ကြွက်သားအပြည့်ရှိတဲ့ရင်ဘတ်ကိုသူမရဲ့ပါးလေးနဲ့ပွတ်ပြီးကျေနပ်နေတဲ့သူမကိုသူကအသံခပ်အက်အက်နဲ့

"တော်တော့ ရန်ရန် မီးမမွေးနဲ့ ကိုယ်ထပ်လိုချင်လာပြန်ပြီ "

လင်းယုရန်ရဲ့ဗိုက်ကိုလာထောက်မိနေတဲ့သူ့ရဲ့အသား‌ချောင်းကြီးကြောင့် လင်းယုရန်က သူမလက်ကိုမြောက်လိုက်ကာ သူနဲ့ကိုယ်ချင်းခွာလိုက်တယ်

သူက နဂါးလား အဲ့‌အရာကိုပဲ တချိန်လုံးစိတ်ကူးနိုင်ရတာလဲ

နဂါးများ။ ။ "............."

"ဟေးးး ငါတို့နဂါးတွေက အရမ်းမထန်ပါဘူး မင်းယောကျာ်းကပဲအရမ်းထန်နေတာ "

လင်းယုရန်။ ။ "........"

လင်းယုရန်သီးသွားမလိုပဲ သူမ စိတ်ထဲနဂါးတွေရှိနေတယ်ဆိုတာကိုမေ့ပြီး ပြောချင်ရာတွေပြောနေမိတာ

"အာ အမေကိုအရင်သွားတွေ့ကြစို့ "

ဒီဖက်ကိုပြန်ရောက်လာပြီးထဲက လင်းယုရန်ခံစားမိတာ သူမမှာဘာမှလုပ်စရာမရှိသလိုပဲ

(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)Wo Geschichten leben. Entdecke jetzt