Moe yanant thin 080:
ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ဗီလိန်အဖြစ်ကူးပြောင်းသွားတယ်အပိုင်း(42)
အတွေးဆုံးတော့ သူ့လက်ဆီရောက်သွားပြန်တယ် လှလိုက်တဲ့လက်
ဘုရားကသေချာအာရံုစိုက်ပြီးအနုစိတ်ထုဆစ်ထားသလို လှလွန်းပါရက်နဲ့ ဒီလက်က လူတွေကိုသတ်တဲ့လက်ဖြစ်နေတာဆိုးတာပဲ
ဖြူသွယ်ပြီး အကြောစိမ်းတွေဖုံးလွှမ်းနေတဲ့လက်တစုံ
"ယုရန် ! ရန်ရန် ! ဟေ့...."
"ဟင်? အာ ဆောရီး ကျွန်မ အတွေးများသွားလို့ တောင်းပန်ပါတယ်ေနာ်"
"ဆာရီ? အဲ့ဒါကဘာလဲ မင်းတို့ဇာတိမြေကစကားလား"
"အင်း ဟုတ်တယ်တောင်းပန်ပါတယ်လို့ပြောတာပါပဲ "
"အင်းနောက်များကျ မင်းလေးရဲ့ဇာတိမြေအကြောင်းပြောပြပါဦး အရမ်းစိတ်ဝင်စားဖို့ကောင်းတယ် ကိုယ်သဘောကျတယ်"
"အွန်း ရှင်သဘောကျရင် ကျွန်မများများပြောပေးမယ်နော် "
လင်းယုရန်အဲ့လိုပြောလိုက်တော့ သူက သဘောတကျကိုပြုံးတယ်
ခနနေတော့ သူမတို့ကို သူ့ကိုယ်ရံတော်တွေကလာခေါ်တယ်
ဇတ်လိုက်မလဲပါလာလေတယ်
ဘယ်လိုလုပ်လိုက်မှန်းမသိပေမဲ့ ဇတ်လိုက်မပါလာတော့ သူမတကယ်ကြီးအံ့ဩသွားတာ
"ကျယ်ကျဲ "
"အွန်း မေ့မေ့"
တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်လိုက်ကြပြီးနောက် ဇတ်လိုက်မကသူမနားကပ်လာကာ သူမကိုအချက်ပြတယ် လင်းယုရန်က ခေါင်းကုတ်သလို နှာခေါင်းကုတ်သလိုနဲ့ မသိမသာခေါင်းငြိမ့်ပြတယ်
စိတ်ချသွားတဲ့ဇတ်လိုက်မက သူ့အခြွေအရံအနဲငယ်နဲ့အတူ လေသဘေင်္ာပေါ်တက်သွားလေတယ်
လင်းယုရန်လဲ ခြေကြွကာ လျောက်ဖို့အလုပ် သူပွေ့ချီတာကိုခံလိုက်ရပြီး
"လှေကားထစ်တွေကကြမ်းပြီးများတယ် မင်းခြေဖဝါးနုနုလေးတွေသွေးခြေဥလို့မရဘူး ကိုယ်ချီသွားပေးမယ်"
ESTÁS LEYENDO
(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)
Ficción históricaown creation mature content normal love by alinkar nang 🌿 ငါလေးက ခွေးသွေးပက် စာအုပ်ထဲကိုဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် intro.... ငါလေးက ခွေးသွေးပက် စာအုပ်ထဲကိုဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် ပြီးတော့ ဇတ်လိုက်ရဲ့မောင်းမဆောင်ထဲကတစ်ယောက်ဖြစ်လာခဲ့တယ် ပ...