အပိုင်း(25)uni

3.3K 146 2
                                    

Moe yanant thin 080:
ငါလေးကခွေးသွေးပက်စာအုပ်ထဲကိုဗီလိန်အဖြစ်ကူးပြောင်းသွားတယ်

အပိုင်း(25) ဇတ်လိုက်ရဲ့လက်စားချေမူ့

သူမ ဇတ်လိုက်ကို ပြောချင်တာကတော့ နင့်မိန်းမကိုနင်ခေါ်သွား နင်လဲသွား ငါအေးအေးဆေးဆေးနားချင်ပြီ အဲ့လိုသဘော

ဒါပေမဲ့ အရမ်းထက်တဲ့ဇတ်လိုက်က ဒီနေ့မှ စွရမ်း‌ေတွတုံးနေမယ်ဆိုတာဘယ်သူသိမှာလဲ

"ဘာလဲ ကိုယ့်မှာ မိန်းမအများကြီးရှိလို့ သဝန်တိုနေတာလား အဲ့ဒါဆိုလဲ အဲ့မိန်းမတွေအကုန်လုံးကိုသတ်လိုက်ပြီး မင်းလေးအတွက် ဆေးပုလဲလုပ်ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ ? "

အဲ့စကားကြားတေ့ာ ပါးစပ်ထဲကို ရေနွေးငုံနေလေတဲ့ လင်းယုရန်တစ်ယောက် ဖွီးးးးးခနဲ ပြန်ထွေးထုတ်မိတော့တာပဲ အဲ့ဒါကလဲ ဇတ်လိုက်မျက်နှာပေါ်တည့်တည့်

သေစမ်း....... စွကျိုးတွေတော့ နဲကုန်ပြီ

လင်းယုရန် ကောင်းကင်ကြီးကိုနောက်တခါထပ်ဆဲချင်သွားတယ်

သူမရဲ့အနာဂတ်က အရင်ကထက်ဆိုးတဲ့ဇတ်သိမ်းမျိုးထက်ပိုဆိုးမယ်လို့ခံစားနေရတယ်

"အားးးးး တောင်းပန်ပါတယ် တောင်းပန်ပါတယ် တမင်လုပ်တာမဟုတ်ပါဘူး ဟားးဟားးး တမင်လုပ်တာ မဟုတ်ဘူး "

အမြှီးတက်နင်းခံလိုက်ရတဲ့ကြောင်မလေးလိုပဲ လင်းယုရန်က အားလုံးကိုထားခဲ့ပြီး ထွက်ပြေးသွားတော့တယ်

‌ကြာပန်းဖြူဇတ်လိုက်မက သရုပ်ဆောင်ဖို့မေ့နေပြီး ပါးစပ်ကကြောင်တကောင်ဝင်စာလောက် ဟကာအံ့ဩနေချိန်မှာ

ဟော်ရုံကျွင်းက သူမရဲ့ ဗရမ်းဗတာနိုင်မူ့ ဖရိုဖရဲနိုင်မူ့တွေနဲ့ကျင့်သား‌ရနေပြီ

ဒါကြောင့်ပဲ အိ‌ေန္ဒြမပျက် မျက်နှာကိုသုတ်လိုက်ကာ သူ့အရှေ့က မိန်းမကိုပြောလိုက်တယ်

"မင်းရဲ့ကိစ္စကို ကျန်းရှင်းလိုက်မယ် ဒါပေမဲ့ နောက်ထပ် ဒီခြံဝင်းထဲ ထပ်မလာနဲ့တော့ မဟုတ်ရင် ကျန်းအဆိုးမဆိုနဲ့ "

စကားပြန်တာကိုတောင် စောင့်မနေတော့ပဲ ဗရမ်းဗတာမလေးကိုဖမ်းပြီးသင်ခန်းစာပေးဖို့ သူလဲပဲ အထဲကို လိုက်သွားတော့တယ်

(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)Where stories live. Discover now