{Unicode}
**အချစ်တို့ရေ့ FOREVER MINE က (ငယ် ရဲ့ Season 2ပါ ရှင်) Complete ဖြစ် သွားပီးဖြစ်တဲ့ ငယ် ကို လဲအရင် ဖတ်ပေးကြပါနော် . ဇာတ်လမ်းအစက ဟိုFicမှာ ရှိနေတဲ့အတွက်ကြောင့်ပါ အဆင်ပြေကြပါစေရှင့်*
(၁၅ နှစ်ခန့်ကြာသော်)
ကြယ်မင်းတာရာရဲ့ မွေးနေ့ရက်ဖြစ်တဲ့ သြဂုတ်လ ၁၂ ရက်, တနင်္ဂနွေ နေ့ဖြစ်တဲ့ အဲ့ဒီနေ့ က ရှုပ်ထွေးသွားခဲ့တဲ့ အဖြစ်အပျက်တွေကနေ အခုချိန်ဆို ၁၅ နှစ်ခန့် ကြာ သွားခဲ့လေသည်။ ကြယ်မင်းတရာ ရဲ့ အသက်ကလဲ 21နှစ် ပြည့်သွားခဲ့လေပြီး။ ဒီနေ့လဲ သူ့ရဲ့ 21နှစ်ပြည့်မွေးနေ့ဖြစ်သလို သူသိပ်မုန်းရတဲ့ နေ့တစ်နေ့လဲ ဖြစ်သွားခဲ့သည်။ အကြောင်းအရင်းကတော့ Season 1ဖတ်ပီးကြတဲ့ ဘေဘီတို့က သိမှာပါလေ။ သူ့ရဲ့ မွေးနေ့ရက်မှာပဲ သူသိပ်ချစ်ရှာတဲ့ သူ့ရဲ့ ကိုကို ဆိုတဲ့သူက သူ့ဆီကနေ ထွက်သွားခဲ့ တယ်လေ ။ ကြယ်အသက် ၁၅နှစ်အထိ သူ့ရဲ့မွေးနေ့ရက်တိုင်း နှစ်တိုင်း သူ့ရဲ့ ကိုကိုသူ့ဆီ ပြန်လာမှာကို အမြဲစောင့်မျှော်နေခဲ့ပေမဲ့ သူ့ရဲ့ ကိုကိုနဲ့တူတဲ့ ဘယ်တစ်စုံတစ်ယောက်မှလဲ သူ့ဆီမလာခဲ့ပေ။
ရေချိုးပြီးခါစမလို့ ခါးမှာ သဘက်အဖြူ တစ်ထည်ကို သာပတ်ထားပီး လက်ထဲမှာလဲ စီးကရက်
တစ်လိပ်ကို ကိုင်ထားလျက်ပင် ဆိုဖာခုံမှာ လှဲထိုင်နေခဲ့တဲ့ ကြယ်မင်းတာရာ . ပီးတော့ သူ့ရှေ့မှာတင်ထားတဲ့ Macbook ။
အဲ့ Macbook မှာ ရေးထားတဲ့ အကြောင်းအရာ တစ်ခုကတော့ ZH Group က Ceo မာန်ဘုန်းသော် နဲ့ Han Cosmetic က ဥက္ကဌကြီး ဦဟန်လွန်းထည်ရဲ့သမီး မေစုဟန်တို့ရဲ့ စေ့စပ်လိုက်ပီး ဆိုတဲ့အကြောင်းကို ကြယ် က စီးကရက်ငွေ့တွေကို ရှူထုတ်လိုက်ရင် အေးစက်တဲ့ မျက်ဝန်းတွေနဲ့ပင် မာန်ဘုန်းသော် ဆိုတဲ့ နာမည်ကိုစိုက်ကြည့်နေသည်။
" ခင်ဗျားက အရင်ကတည်းက ကျုပ်တစ်ယောက်ထဲရဲ့ အပိုင် ပဲ ""တီ~~တီ~~!"
" Hello daddy !"
" ညနေလေယာဥ်နဲ့ ပြန်လာခဲ့မယ် မနက်ဖန် မနက်လောက် ရောက် မယ် daddy!"
" ဟုတ်ပါပီး ပါးပါးရော "
" အော် ပါးပါ အိပ်နေတယ်ဆိုလဲ မနှိုးနဲ့တော့ ဒါပဲနော် daddy "
ကြယ်မင်းတာရာ ဖုန်းချလိုက်ပြီးသွားတော့ အဝတ်အစားဝတ်လိုက်သည်။ အခု ကြယ်ရှိနေတဲ့ နိုင်ငံ က မြန်မာနိုင်ငံမဟုတ်ပဲ ပြင်သစ် မှာရှိနေသည်။ အသက် ၁၅နှစ်ကတည်းက ပြင်သစ်မှာပဲ ကျောင်းဆက်တက်လိုက်ပြီး အဲ့ဒီမှာပဲ နေနေခဲ့တာ အခုချိန်ဆို ကြယ်၂၁နှစ်ပြည့်သွားပီးမို့ အလုပ်အကြောင်းလဲ လေ့လာခဲ့ပီးပီးမလို့ မနက်ဖန်ဆို ကြယ် မြန်မာပြည်ကို ပြန်တော့မည် ဖြစ်သည်။
ESTÁS LEYENDO
𝙵𝙾𝚁𝙴𝚅𝙴𝚁 𝙼𝙸𝙽𝙴 (ငယ် ....Season 2)
RomanceForever Mine က ငယ် Fiction ရဲ့ Season 2ပါရှင်, (ငယ်..Season 1)ကို အရင် ဖတ်ပေးကြပါနော်. #OwnCreation#Romance#Drama #FOREVER MINE 24.9.2022