Part.2(U&Z)

8K 395 12
                                    

(Unicode)

*Golden* ဟိုတယ်ရဲ့ ပထမဆုံးအထပ် Vvip Room မှာ မာန်ဘုန်းသော်ကအရင်ရောက်နေခဲ့သည်။ သူက Moonlight ရဲ့Ceo Sunနဲ့ ချိန်းထားတယ်မလား. သူနောက်ကျမှရောက်ရင် Sunကို မလေးစားသလိုဖြစ်မှာကြောက်လို့ ချိန်းထားတဲ့​နေရာကိုမာန်ဘုန်းသော်အရင်ရောက်နေခဲ့သည်။
မိနစ်ပိုင်းခန့်ကြာသော်.
တံခါဖွင့်သံနဲ့အတူ  ထိုအခန်းထဲကို လူတစ်ယောက်ကဝင်လာခဲ့သည်။
မာန်လဲ Sun ဝင်လာပီးအထင်နဲ့ မတ်တပ်ရပ်လိုက်တဲ့အချိန်မှာပင် မာန် ကိုယ့်မျက်လုံးကိုယ်တောင်မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။ အခုဝင်လာတဲ့ လူရဲ့ မျက်နှာ ဒီမျက်နှာကို သူ သိပ်ရင်းနှီးနေတယ်. မဟုတ်ဘူး သိပ်ကို ရင်းနှီးတာပေါ့ ။ မဟုတ်မှ သူက..
"sorry ကျွန်တော်နောက်ကျသွားတယ် CEo မာန်ဘုန်းသော်."

လွန်ခဲ့သော မိနစ်ပိုင်းလောက်က ကားပါကင်တွင် ကြယ်မင်းတာရာက သူအရင်ရောက်နေခဲ့သော်လည်းကားကနေ မဆင်းလာသေးပဲ မာန်ဘုန်းသော် ရောက်မည့်အချိန်ကို ကားကနေ စောင့်ကြည့်နေခဲ့သည်။ ခနအကြာမှာတော့ အနက်ရောင် Audi ကားတစ်စီးက ရောက်လာခဲ့သည်။ ထို့နောက် ကားပေါ်ကနေ ဆင်းလာတဲ့ ထိုလူကို ကြယ် သေချာ စိုက်ကြည့်နေသည်။
မာန်ကို ဖုန်းထဲကနေ  နဲ့ သတင်းတွေထဲကနေပဲ မြင်ရပေမဲ့ မျက်နှာချင်းဆိုင်ပီး အခုလို အနီးကပ် တွေ့ရမှာကိုတော့ ကြယ် အတွက် ပထမဆုံးအကြိမ် ဖြစ်နေခဲ့သည်။
"အဟက်! ခင်ဗျားက ကျုပ်ထက် အရပ်ပုသွားတာပဲ .အသားရည်ကတော့ နိုင်ငံခြားမှာ နေတာများလို့ ထင်ပါရဲ့ ငယ်ငယ်တုန်းကထက် ပိုဖြူလာတယ် , ပီးတော့
ငယ်ငယ်တုန်းကလိုမျိုး ချောနေတုန်းပါပဲ " 
မာန်ဘုန်းသော် ဝင်သွားပီး ၁၅ မိနစ်ကြာတော့မှ ကြယ်က ကားပေါ်ကနေဆင်းလိုက်ပီး ဟိုတယ်ထဲကို ဝင်သွားသည်။

"........."

"Moonlight ရဲ့ Ceo ကြယ်မင်းတာရာပါ တွေ့ရတာဝမ်းသာပါတယ် "
ဆိုပီး မာန်ဘုန်းသော်ကို လက်ဆွဲနှုတ်ဆက်ဖို့ လှမ်းပေးလိုက်သည်။ မာန်ဘုန်းသော်​က ကြယ်ကိုပဲ ကြောင်အ စွာ စိုက်ကြည့်နေတုန်း,
" အဟမ်း ကျွန်တော့် လက်ကိုပြန်ရုတ်သိမ်းလိုက် ရဖို့လား Ceo မာန်ဘုန်းသော် "

" ဟင် ဟအင်း ဟု..ဟုတ် တွေ့ရတာဝမ်းသာပါတယ်"
ဆိုပီး ပြန်နှုတ်ဆက်လိုက်သည်။ပြီးနောက် ၂ယောက်သား ထိုင်ခုံမှာ ပြန်ထိုင် လိုက်ကြသည်။

𝙵𝙾𝚁𝙴𝚅𝙴𝚁 𝙼𝙸𝙽𝙴 (ငယ် ....Season 2)Donde viven las historias. Descúbrelo ahora