Part.12 (U&Z)

4.9K 211 8
                                    

"ဖြောင်း!"

ဒေါ်သူဇာရဲ့ ရိုက်ချက်က ဘယ်လောက်ပြင်းသလဲဆိုတာကိုတော့ ခံရတဲ့ ကာယကံရှင် ကိုယ်တိုင်ပဲသိပေလိမ့်မည်။ ဒေါ်သူဇာရဲ့ သား ရှင်းခန့်သူက လွန်ခဲ့သောရှေ့အပတ်ထဲက ခရီး သွားနေခြင်း ဖြစ်သည်။ ခရီးဆို တော့ နိုင်ငံခြား ကို အလည်အပတ် သွားတာ ဖြစ်သည်။   အမှန်တော့ အခုဖြစ်နေတဲ့ ပြသာနာ တွေကို ရှင်းခန့်သူ ဘာမှမသိပါ။ သူ့အမေ ကတဲ့ ပြဇာတ် ထဲမှာ သူမပါဝင်ခဲ့ပါဘူး။ ဒီမနက်ကပဲ ရှင်းခန့်သူခရီးကနေ ပြန်ရောက်ရောက်ချင်း အထုတ်အပိုးတွေတောင် အခန်းထဲ မရောက်ရသေးပါဘူး။ ဧည့်ခန်းတွင် ထိုင်စောင့်နေတဲ့ ဒေါ်သူဇာကအိမ်ထဲ ဝင်လာတဲ့ ရှင်း ကို တွေ့တော့ ချက်ချင်းထလာလိုက်ပီး သားဖြစ်သူရဲ့ ပါးကို အားတကုန်ရိုက်ချလိုက်တော့သည်။

အခြေအနေကို နားမလည်တဲ့ ရှင်းတစ်ယောက်ကိုယ်ပါးကို ပြန်ကိုင်ပီး ထလိုက်သည်။မွေးလာကတည်းက အလိုလိုက် ခံခဲ့ ရသလောက် အခု က ဘယ်လိုအခြေအနေ လဲ ။ အမေက အမေက သူ့ကို ရိုက်လိုက်တယ် ။ ရှင်းတကယ်နားမလည်ပါ။
" အမေ !"

" ငါ့ကို အမေလို့မခေါ်နဲ့စမ်း , ငါ့မွေးထားတာ သားယောကျ်ားလေး  gay မဟုတ်ဘူး"

" ........."
ရှင်း ပြောစရာ စကားများ ပျောက်ကုန်တော့သည်။ အမေက ဘယ်လိုလုပ် သူ့ကို gayတဲ့ မဟုတ်မှ အမေကသိသွားတာလား"

Flash Back(နောက်ကြောင်းပြန်ခြင်း)........
ရှင်းခန့်သူ က ပွေရှုပ်တဲ့ ကောင် တစ်ယောက်ပဲ။ အသက်အားဖြင့် ၂၃ ပဲ ရှိသေးသည်။ မိန်းမ,တွေကို တစ်ယောက်ပီးတစ်ယောက်အထည်အလဲ တွဲ တယ်။ One Night ပီးရင် ရှင်း ထိုသူတွေကိုလှည့်တောင် မကြည့်တော့ပါ။ ရှင်း တွဲခဲ့တဲ့ လူတွေက အကုန် မိန်းကလေး တွေချည်းပါ။

ဒါပေမဲ့  လွန်ခဲ့တဲ့ ၂ပတ်က ရှင်း ကလပ် သွားတာ ကောင်လေး တစ်ယောက်က ရှင်း ကို အီစီကလီ လာလုပ်သည်။ထိုကောင်လေးက ရှင်းထက် အသက် ကြီးမည်ထင်သည်။   ထိုကောင်လေးက ရှင်းထိုင်နေတဲ့ စားပွဲ စီကို သက်သက် လာထိုင်သည်။ အနားကပ်သည်။ စကားလာပြောသည်။ ရုပ်ရည်ကတော့ ချောမောခန့်ညားနေသည်။ သို့သော် ရှင်းခန့်သူ  ထိုနေရာကနေ ငြင်းထွက်သွားသည်။ အရောမဝင်ချင်ပါ။

𝙵𝙾𝚁𝙴𝚅𝙴𝚁 𝙼𝙸𝙽𝙴 (ငယ် ....Season 2)Hikayelerin yaşadığı yer. Şimdi keşfedin