Ep-1

1.7K 45 0
                                    

မုန်းမာန်ပြယ် ချစ်ခြင်း

      &~&~Ep-1~&~&

Sean Xiao ....ဟုတ်တယ်။

ရှောင်းအိမ်တော်ရဲ့ သခင်လေး။

မိခင်ရဲ့ အချစ်ပို အလိုလိုက်မှုကြောင့် Sean Xiao က ဆိုးချင်တိုင်း ဆိုးနေတဲ့ play boy သာသာ ။

စီးပွားရေးကိုသာ အာရုံလာသည့် ရှောင်းသခင်ကြီးက US မှာသာ အနေများခဲ့သည်။

အခု Sean Xiao က ကိုရီးယားမှာ ကျောင်းတက်နေခြင်းပင်။

ကိုယ့်နိုင်ငံလို သဘောထားကာ အပြတ်အသတ် ဆိုးပေနေသည့် သခင်လေးတစ်ဦးပင်။

"Sean .....ဘယ်လိုလဲ ဖြတ်ခဲ့ပြီလား"

"အွန်း....တစ်ခါအိပ်ပြီးရင် တော်ရောပေါ့ကွာ။ အဟက်"

ဝမ်ကျိုးချန်ရဲ့ အမေးကို Sean Xiaoက အရယ်တစ်ဝက်ဖြင့်ဖြေသည်။

Sean Xiao အကြောင်း ခေါင်းအစ ခြေအဆုံးသိနေသည့် ဝမ်ကျိုးချန်က တကယ်တော့ လူဆိုးထိန်းလေး။

Sean Xiao က ငဆိုးငပေလေးလေ။တရုတ်ကနေ ကိုရီးယားအထိ လိုက်ထိန်းနေရတာ။

ကျောင်းကန်တင်းမှာ Sean Xiao တို့ထိုင်နေတုန်း ဂျွန်ယူကင်းတစ်ယောက် ရောက်ချလာသည်။

ဂျွန်ယူကင်းက Sean Xiao နဲ့ level တူလိုက်ဆိုးတဲ့ play boy တစ်ယောက်ပဲ။

ကျန်တဲ့ အချိန်တွေ ဝမ်ကျိုးချန် Sean Xiao ကို ထိန်းလို့နိုင်ပေမဲ့ ဂျွန်ယူကင်း နဲ့ အပြိုင်အဆိုင် ပွေရမယ့်အချိန်ဆို ထိန်းမနိုင်သိမ်းမရ။

ခုလဲ ဘာတွေ ပွေကြအုံးမယ်မသိ။

"Sean မင်း ဟိုအချေကိုယ်တော်လေးကို သိတယ်မလား"

"အင်း...သိတယ်လေ။ဘာလဲ မဟုတ်မှ"

"yess...သိပ်ဟုတ်တာပေါ့။ အရမ်းအရမ်းတွေ မာနကြီးတဲ့ အယ့်ငချေလေးကို  မင်းက ခြွေပြရမယ် ။ ဘယ်နှစ်လ အချိန်လိုချင်လဲ။ ခြောက်လလား။ ခုနစ်လ လား?"

အို့......ချောပေ့ဆိုတဲ့ ဒိတ်ဒိတ်ကြဲ ကိုရီးယားမလေးတွေတောင် တစ်ပတ်အချိန်ယူယုံနဲ့ Sean ရဲ့ အိပ်ရာပေါ်တန်းရောက်တာ။

ခုလို ကောင်ငယ်လေးတစ်ယောက်အတွက် ဂျွန်ယူကင်း ယူမလား မေးတဲ့အချိန်က ခြောက်လလား ၊ ခုနစ်လလားတဲ့။

မုန်းမာန်ပြယ် ချစ်ခြင်း (Completed)Where stories live. Discover now