Ep-19

431 9 0
                                    

မုန်းမာန်ပြယ် ချစ်ခြင်း

&~&~Ep-19~&~&

Bree!.....Bree!..

တုန်ခါလာသော ဖုန်းကောလ်တစ်ခုကြောင့် တစ်စုံတစ်ယောက်၏ ဖုန်းမှန်း ဂျန်းနီသိလိုက်သည်။

"........."

ဖုန်းကောကို လက်ခံပြီးတဲ့နောက် တရုတ်သံဝဲဝဲ ကိုရီးယားသံ မကျတဲ့ စကားလုံးတစ်ချို့ကို သူနားထောင်နေလိုက်သည်။

ထိုသူ၏ စကားသံဝဲဝဲ အဆုံးမှာတော့ ဂျန်းနီတစ်ယောက် လှပသေသပ်စွာ ပြုံးဖြစ်ခဲ့တယ်။

သုံးနှစ်လောက် သူခံစားခဲ့ရတာက အရာရာပြည့်စုံနေပါတယ်ဆိုတဲ့ ဝမ်ရိပေါ်ကို တစ်နေ့လောက်ဖြစ်ဖြစ် ခံစားရစေမယ်ဆိုရင် သူကျေနပ်သည်။

play boy တစ်ယောက်ဖြစ်တဲ့ Sean Xiao ရဲ့ညီက ခပ်တုံးတုံး ခပ်အအ ကောင်ငယ်လေး ရှောင်းကျန့်တဲ့။

ဝမ်ရိပေါ်ရဲ့ အသည်းညှာပေါ့။

သူပို့ခိုင်းထားတဲ့ ပုံက ကာယကံရှင် သိရင်တော့ လုပ်ကြံဖန်တီးထားမှန်း သိသာလိမ့်မယ်။

ဒါပေမယ့် သူမျှော်လင့်တယ်။ ခပ်နုပ်နုပ် သူ့ရဲ့ အကွက်လေးထဲ ခပ်တုံးတုံး ရှောင်းကျန့် ယုံမှား သံသယ ဖြစ်သွားစေဖို့ ။

လှပသေသပ်သော အပြုံးတို့ဖြင့် ဂျန်းနီက ခပ်မှိုင်းမှိုင်းလေးပြုံးပြီး လွန်ခဲ့သော အတိတ်တို့ဆီသို့ ခဏတာ ကူးခတ်သွားလေသည်။

'ပတ်ဂျန်းနီ'

စီးပွားရေးမေဂျာက ဘုရင်တစ်ဆူပါပဲ။

လိုချင်သူတွေ ဝိုင်းဝိုင်းလည်နေတဲ့ကြားက သူသဘောကျမိတာက မျက်မှန်ဝိုင်းလေးနဲ့ ပတ်မျိုးရိုး ကောင်ငယ်လေးတစ်ယောက်ကိုသာ။

'ပတ်ဂျယ်ဟွန်း'

အနေအေးပြီး ခပ်ချေချေပုံစံလေးဖြစ်နေတဲ့ ဝမ်ရိပေါ်ဆိုတဲ့ တရုတ်ကောင်လေးတစ်ယောက်ကို အသဲစွဲ ။

ကျောင်းတက်နေတုန်း ဝမ်ရိပေါ် မသိအောင် တိတ်တခိုးလေး သဘောကျနေတဲ့သူ။

ဝမ်ရိပေါ်မသိပေမယ့် စားလည်း ဝမ်ရိပေါ်။
သောက်လည်း ဝမ်ရိပေါ်။
အိပ်လည်း ဝမ်ရိပေါ် ဖြစ်နေသလို အရာရာက ဝမ်ရိပေါ် ဆိုသော တရုတ်ကောင်ငယ်လေးက နေရာယူသည်။

မုန်းမာန်ပြယ် ချစ်ခြင်း (Completed)Where stories live. Discover now