Ep-7

716 26 0
                                    

မုန်းမာန်ပြယ် ချစ်ခြင်း

            &~&~Ep-7~&~&

အခန်းငယ်လေးထဲ ယူကြုံးမရကာ

အသိစိတ်မဲ့နေသော ကောင်ငယ်လေးက

နှစ်ရက်ကြာမှ အသိဝင်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။

စိုးထိတ်မှုရော ၊ စိုးရိမ်မှုရော ရောယှက်ပြေးလွှားနေသည့်

အတွေးတို့ကြောင့် သူ့ရင်တွေ ပူမိသည်။

အဆက်မပြတ် ခေါ်နေပေမဲ့ ဖြေဆိုသူ မဲ့နေသည့်ဖုန်းကြောင့်

သူ ပို၍ စိတ်ပူမိသည်။

ကျေးဇူးပြု၍ ဘာမှ မဖြစ်လိုက်ပါနဲ့ ရှောင်းကျန့်။

" ငါ....ငါ...မင်းကို "

မရေရာသော အတွေးတစ်ချို့နှင့်

မပီပြင်သော စကားလုံးများ။

နောက်ဆုံးတော့ သူ့ကိုယ်သူ ထပ်ညာမိသည်။

"ငါ မင်းကို....တောင်းပန်ချင်လို့"

ဒါဟာ တင်းကြပ်နေသော ရင်ဘတ်တစ်စုံကို

လျစ်လျူရှုကာ ညာမိသော မုသားစကား။

.
.
.
.

တစ်ချက်တစ်ချက် သတိရလာသော ကျန့်ကျန့်က

စိတ်မတည်ငြိမ်စွာ။

ကြောက်တယ် ကြောက်တယ် အော်နေတတ်ပြီး။

တစ်ခါတစ်ခါတော့ သူ့ကို သခင်လေးဆိုသူရဲ့ အဝေးခေါ်သွားပေးဖို့

ငိုယိုကာ တောင်းဆိုရှာသည်။

အမေးများစွာ ရှိနေပေမဲ့လဲ ထူးမခြားနားစွာ

ထိုစကားနှစ်ခွန်းကိုပဲ တစ်လှည့်စီ ရေရွတ်နေသည်။

တစ်ခါတစ်ခါ ဟိုက်ခွမ်းကို မှတ်မိပုံရပေမဲ့

တစ်ခါတစ်ခါ မသိသလို။

ဟိုက်ခွမ်း သက်ပြင်းမောကို အကြိမ်ကြိမ်ချမိသည်။

နှစ်ရက်လုံး ပေါ်မလာတဲ့ ဝမ်ရိပေါ်ကြောင့်

သူတကယ်ပဲ ရှောင်းကျန့်ကို အဝေးခေါ်ထုတ်ပေးသွားသင့်လား။

ဝမ်ရိပေါ်ရဲ့ အတ္တတစ်ခုကြောင့်နဲ့ ရှောင်းကျန့် ထိခိုက်တာများပြီ။

မုန်းမာန်ပြယ် ချစ်ခြင်း (Completed)Where stories live. Discover now