Ep-11

688 24 2
                                    

🌋မုန်းမာန်ပြယ် ချစ်ခြင်း🌋

             &~&~🌺Ep-11🌺~&~&

"ကော...မညစ်နဲ့နော်။ မာမားနဲ့တိုင်မှာ"

"တိုင်လေ တိုင်ပေါ့ ။ မာမားက ကောဘက်ကပဲဟာ"

ကြမ်းပြင်ပေါ် ခြေလွတ်လက်လွတ်ထိုင်ချရင်း ငယ်ငယ်က ကစားခဲ့ဖူးသည့် TV ဂိမ်းကို ကစားနေရင်းနှင့် ညီငယ်လေးအပေါ် စချင်စိတ်နှင့် သူမဆိုသလောက် ညစ်မိသည်။

ကလေးပေါက်စနလို ဆူအောင့်အောင့်လေးထွက်လာတဲ့ အသံချိုချိုက သူပြုံးမိဖို့ လုံလောက်သည်။

ကလေးငယ်လေးလို အားကိုးတကြီး မာမားနှင့် တိုင်မည်ဆိုသော ညီငယ်လေးအား သူမရည်ရွယ်ပဲ ထိုစကားကိုဆိုမိသည်။

ဆိုတော့...စိတ်ဒဏ်ရာများစွာနှင့် ညီငယ်လေးက အထအနကောက်စွာ မျက်နှာငယ်သွားသည်။

ထိုမှ သူချော့ဖို့ပြင်ရသည်။ ဒီညီငယ်လေးဟာ သိပ်ကလေးဆန်သည်။

"တိတိ..ကောကိုကြည့်။ ကောကိုကြည့်လို့။"

"......"

"မာမားက အခု ကောကောထက် တိကို ပိုချစ်ပြီး ပိုအလိုလိုက်နေတာပဲဟာ။ ဝမ်းနည်းခြင်း ဝမ်းနည်း ဒီကောကောက ဝမ်းနည်းရမှာ ။ မာမားက ကောကို အရင်လိုမချစ်တော့ဘူးဆိုပြီး"

"....."

"ကျိန်းသေတယ်။ ခုနေသွားတိုင်ရင် ကောကော ဆူခံထိမှာ"

"....."

သို့သည့်တိုင် ထိုညီငယ်လေးဟာ ပုခုံးလေးတွန့်ကာ ငိုရှိုက်ကောင်းတုန်း။

စီကာပတ်ကုံး ပြောကာ ချော့ပြီးသည့်နောက်ပိုင်း ဒီကောကောကပဲ ရင်ခွင်ထဲထည့်ကာ ခေါင်းလေးပွတ်လို့ ထပ် ချော့မိသေးရဲ့။

"ကော တောင်းပန်ပါတယ်။ တိတိကို ပစ်ထားမိခဲ့၊ လျစ်လျူရှုမိခဲ့တဲ့ အချိန်တွေအတွက်"

ထိုတောင်းပန်စကားကိုဆိုရင်း သူလဲ အသံလေးတိမ်ဝင်ကာ မျက်ရည်ဝဲမိလျက်။

ရှိုက်သံ ၊ တောင်းပန်သံတွေသာ နေရာယူတဲ့ ထိုရပ်ဝန်းလေးက မာမားကြောင့်အသက်ဝင်တယ်။

"သားကြီး Sean ...သားငယ်လေးကို အနိုင်ကျင့်နေသလား"

"အာ....မဟုတ်ပါဘူး မားရယ်။ ဒီတိတိကသာ တာ့ကောကို အငယ်ဆိုပြီး အနိုင်ကျင့်နေတာ"

မုန်းမာန်ပြယ် ချစ်ခြင်း (Completed)Where stories live. Discover now