Unicode
ကျိချင်းကျိုးသည် တက္ကသိုလ်ပရိဝုဏ်ထဲရှိညရှူခင်းတွေကိုငေးကြည့်ရင်း ခေါင်းရမ်းပြလာသည်။
"အဝတ်အစားဒီဇိုင်းမတူလို့လား"
"တူတူပါပဲ"
"ဒါဆိုဘာလို့ခွဲရိုက်တာလဲ"
ချူချန်နားမလည်ခဲ့ပေ။
"တစ်ခါတည်းအပြီးမရိုက်နိုင်ဘူးလား"
"ကျွန်တော်က ဒါရိုက်တာမှမဟုတ်တာ။ဘယ်လိုသိမှာလဲ"
"မင်းမမေးကြည့်ဘူးလား"
ကျိချင်းကျိုး ခေါင်းညိမ့်ပြလိုက်ပြီး ချူချန်ကိုကြည့်ရင်း အမှန်တိုင်းပြောလိုက်သည်။
"ကျွန်တော်ကအနုပညာရှင်အသစ်လေးလေ။နာမည်မကြီးသေးဘူး။ဇာတ်ပို့နေရာကပဲသရုပ်ဆောင်နေရတာ။ဒါရိုက်တာဘယ်လိုစီစဉ်စီစဉ်လိုက်နာရမယ်။ပြီးတော့ ဒီလိုကိစ္စလေးတွက်နဲ့ ဒါရိုက်တာကို ပြဿနာရှာဖို့ကျ ကျွန်တော်လည်း မလုပ်ချင်လို့ ဟုတ်ပြီလား ? ? "
သူပြောတာလည်း အကျိုးအကြောင်းသင့်ပါရဲ့ …
အနုပညာလောကကို ချူချန် ကောင်းကောင်းနားမလည်သော်လည်း စည်းမျဉ်းတွေကတော့တူတူပင်။ဘယ်စီးပွားရေးလောကမှာမဆို လူသစ်တွေက ခြေသုတ်ပုဆိုးမြွေဆွယ်ကျိုးသလိုနေရတယ်။ဘာလို့ဆို သူတို့ကအခြေခံအဆင့်မှာရှိသေးပြီး အဆင့်မြင့်မြင့်မရောက်သေးတဲ့တွက် စောဒကတက်ဖို့ အရည်ချင်းမရှိလို့ဖြစ်သည်။
တကယ်လို့ နောက်ဆုံး ပြောရေးဆိုခွင့်ရှိလာရင်တောင်မှ တောင်းဆိုချက်တွေများလွန်းတာမကောင်းပေ။အဲ့တောင်းဆိုချက်တွေက အကျိုးကြောင်းသင့်နေရင်တောင် အများကြီးတောင်းဆိုမိပါက လူတွေကို စိတ်အနှောင့်ယှက်ပေးသလိုပဲဖြစ်စေမှာပင်။"မှန်တယ်"
ချူချန်ပြောလိုက်သည်။ကျိချင်းကျိုးလည်း သူ့ကိုနှစ်သိမ့်ပေးလိုက်တယ်။
"ဘာဖြစ်ဖြစ်တစ်လပဲဟာ…ပြီးတော့မှာ။အများကြီးတွေးပူမနေပါနဲ့"
ချူချန်က ဖုန်းကိုပစ်ထုတ်လိုက်သော်လည်း ဘာမှမပြောလာပေ။
ကျိချင်းကျိုးလည်း ထိုင်ခုံခါးပတ်ဖြုတ်လိုက်ပြီး
YOU ARE READING
ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]
RomanceType Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47 extras (completed) Associated Names Transmigrated as The Villain President's Lover Xuyên Thành Tiểu Tình Nhân Của Tổng Tài Hệ Phản Diện 穿成反派...