Unicode
လျန်ကျင်းရှင်မှာ အဲ့လိုနောက်ခံမျိုးရှိလိမ့်မယ်လို့ လော့ယွီရှင်းမထင်ထားခဲ့ဘူး။ဖန်ယောင်ရွှမ်းပြောမှပဲ လျန်ကျင်းရှင်ကိုပြန်ကြည့်လိုက်ချိန် အရင်က ကြောက်ရွံ့မှုတွေပါ ပျောက်ဆုံးသွားကုန်၏။နောက်ဆုံးတော့ လျန်ကျင်းရှင်ရဲ့ လျှို့ဝှက်ချက်ကို သူသိသွားပြီ။နက်ရှိုင်းတဲ့ လျှို့ဝှက်ချက်တစ်ခုပဲ။
ကျိချင်းကျိုးက ရသစုံရှိုးရိုက်ကူးရေးပြီးတာနဲ့ လျန်ကျင်းရှင်ကို နှုတ်ဆက်၍ X မြို့တော် ကို ရှောင်ချန်းနဲ့အတူပြန်လာသည်။ကျိုးချန်ဖုန်းကတော့ သူ့နောက်မလိုက်နိုင်ပေ။လျန်ကျင်းရှင်၏ ရိုက်ကူးရေးမပြီးသေး၍ လျန်ကျင်းရှင်နဲ့အတူ ရိုက်ကူးရေးအတွင်းရှိနေပေးရ၏။
လေဆိပ်ကနေထွက်လာချိန် ကျိချင်းကျိုးက ရင်းနှီးနေသော Porsche အားမြန်မြန်ရှာတွေ့သွားပြီး ရှောင်ချန်းကို နှုတ်ဆက်၍ ချူချန်ခပ်မြန်မြန်ပြေးသွားလိုက်သည်။
မတွေ့ကြတာကြာပြီဖြစ်၍ ကျိချင်းကျိုးမှာ ကားထဲရောက်သည်နှင့်တစ်ပြိုင်နက် ချူချန်ကို ဖက်ထားတော့သည်။ချူချန်ကလည်း သူ့ရဲ့တက်ကြွနေသောအမူအရာလေးကြောင့် သဘောတကျဖြစ်သွား၏။
"အလုပ်တွေရှိသေးလား"
"အခုတော့မရှိပါဘူး"
ကျိချင်းကျိုးပြောလိုက်၏။
"ကောင်းတာပေါ့။မဟုတ်ရင် ကိုယ်တို့နှစ်ယောက်က netizenတွေလိုဖြစ်နေပြီ။လေလှိုင်းပေါ်ကနေပဲဆက်သွယ်နေရတယ်"
"အခုတွေ့နေရပြီပဲမဟုတ်လား"
ကျိချင်းကျိုး သူ့ကိုကြည့်၍ အလေးအနက် ထားတဲ့ပုံစံမျိုးပြောလိုက်သည်။
"ခင်ဗျားတွေ့ရတာကို ကျေနပ်မှုရှိရဲ့လား"
ချူချန်က သူ့ကို အပေါ်အောက် စေ့စေ့စပ်စပ်ကြည့်ကာ-
"အင်းးးးး အပြင်ပန်းကတော့ ကျေနပ်စရာပဲ။ဒါပေမယ့် ကိုယ်တို့ အချင်းချင်း ဒီထက်ပိုပြီး အတွင်းကျကျသိဖို့လိုအပ်သေးတယ်"
သူက နောက်ဆုံးစာကြောင်းအား ဖိရွတ်လိုက်သည်။ကျိချင်းကျိုးကတော့ စိတ်လေသလိုသာ ကြည့်လိုက်တော့၏။
YOU ARE READING
ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]
RomanceType Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47 extras (completed) Associated Names Transmigrated as The Villain President's Lover Xuyên Thành Tiểu Tình Nhân Của Tổng Tài Hệ Phản Diện 穿成反派...