Unicode
သူစိတ်ထင်တာမှန်သွား၏။《ချစ်သူ့ကဗျာများမှမြတ်နိုးသောစာမျက်နှာ》က ခြောက်ပိုင်းပဲ ထုတ်လွှင့်ရသေးသည် သရုပ်ဆောင်တွေရဲ့အထူးအထူးကြည့်ကောင်းနေမှုရယ်၊တက်ကြွလန်းဆန်းတဲ့ပုံစံလေးတွေကြောင့်ရယ်၊စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကောင်အချင်းချင်း ဆက်နွှယ်မှုလေးတွေကြောင့် လူထုအာရုံကို အောင်အောင်မြင်မြင် ဆွဲဆောင်သွားနိုင်၏။ထုတ်လုပ်ရေးအသင်းကလည်း သံပူတုန်းနာနာထုဆိုသလို သရုပ်ဆောင်နဲ့ပရိတ်သတ်တွေကြား အမေးအဖြေကဏ္ဍလေးပြုလုပ်လာသည်။ရိုက်ကူးရေးအဖွဲ့၏ အထူးအထူးသရုပ်ဆောင်ကြီး ချူချန်ကတော့ထိုပရိုမိုးရှင်းမှာ မပါခဲ့ပေ။
ကျိချင်းကျိုးအတွက် ထိုကဲ့သို့ အမေးအဖြေလုပ်ရတာက ပထမဆုံးအကြိမ်ပင်။ဇာတ်ကားပရိုမိုးရှင်းဖြစ်၍ မေးခွန်းတွေကိုလည်း ဇာတ်ကားနဲ့ သက်ဆိုင်တာတေွသာ သူရွေးချယ်လိုက်သည်။ပုဂ္ဂိုလ်ရေးရာမေးခွန်းတွေသိပ်မများပေ။တစ်ချို့မေးခွန်းတွေဖြေပေးပြီးနောက် ပရိတ်သတ်တွေက အော်ရယ်လာကြသည်။
[ကောကောက အမှုဆောင်အရာရှိကြနေတာပဲ။ဘာလာလာရေငုံနှုတ်ပိတ်နဲ့]ချူချန်ရဲ့ပရိတ်သတ်တွေသည် ရိုက်ကူးရေးအဖွဲ့က တစ်ခြားသူတွေအကုန် အမေးအဖြေကဏ္ဍလုပ်နေပေမယ့် ချူချန်မပါကြောင်းတွေ့သွားကြသည်။သူတို့လည်း နားမလည်နိုင်ဖြစ်သွားပြီး ဖန်ကလပ်ထဲ၌ ဘာတွေဖြစ်နေတာလဲ ဆွေးနွေးကြလေသည်။ထိုအချင်းအရာကို တွေ့တော့ ကျိချင်းကျိုးက အမြန်ပင် ဝင်ဖြန်းဖြေလိုက်သည်။
“ဒီပရိုမိုးရှင်းမှာ ကော မပါတာက လုပ်စရာရှိလို့ဖြစ်ပါလိမ့်မယ်”
[ငါတို့ကောက ရိုက်ကူးရေးအဖွဲ့နဲ့ဆက်ဆံရေးမကောင်းလို့လား] တစ်ယောက်ကထမေးလာ၏။
“မဟုတ်ပါဘူး”
ကျိချင်းကျိုးပြန်ဖြေလိုက်သည်။ရိုက်ကူးရေးအဖွဲ့က ဘယ်လိုလုပ်ပြီး သူ့နဲ့ဆက်ဆံရေးဆိုးရဲပါ့မလဲ! သူက ရင်းနှီးမြှုပ်နှံသူကြီးလေ!
“ ကောက ရိုက်ကွင်းက လူတိုင်းနဲ့ ဆက်ဆံရေးကောင်းပါတယ်”
[ဒါဆို ဘာလို့ ပရိုမိုးရှင်းတွေမှာမပါတာလဲ]
YOU ARE READING
ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]
RomanceType Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47 extras (completed) Associated Names Transmigrated as The Villain President's Lover Xuyên Thành Tiểu Tình Nhân Của Tổng Tài Hệ Phản Diện 穿成反派...