"ဗျာ! ဟုတ် ကျွန်တော်အခုပဲလာခဲ့ပါမယ်"
"ဘာဖြစ်လို့လဲ ယွန်းဂီဟျောင်း"
"ယွန်းဂျီ ကျောင်းမှာရန်ဖြစ်လို့တဲ့"
"ထပ်ပြီးတော့ ခင်ဗျားသမီးပဲလား"
"ကိုယ်ပြန်လာခဲ့မယ် ဂျီမင်းနီ ခဏပဲနော်"
အပြင်ကိုပြေးထွက်သွားတဲ့ သူကိုကြည့်ရင်း
ဂျီမင်းရဲ့ လက်သီးဆုပ်တို့ကတင်းခနဲမင်ယွန်းဂီရဲ့ဦးစားပေးက သူမဟုတ်တာ ဘယ်လောက်ရင်နာဖို့ကောင်းလိုက်လဲ
သီးခံနိုင်မယ်ထင်ခဲ့ပေမဲ့ သူ လက်တွေကြုံရတော့
မလုပ်နိုင်ခဲ့ဘူး သူ သိပ်ကိုသဝန်တိုတယ်
မင်ယွန်းဂီရဲ့သမီးဖြစ်နေရင်တောင်မှပေါ့.....
"ယွန်းဂျီ ဘက်ကစတာမဟုတ်ပေမဲ့
MinYoongi shi ရဲ့သမီးက ဟိုဘက်က
ကလေးတွေကိုအရင်လက်ပါခဲ့တာ""Nae?"
သမီးက စိတ်ဆက်တယ်ဆိုပေမဲ့
လက်ပါလွယ်တဲ့သူတော့မဟုတ်ဘူး
သူတော်တော်စိတ်ဆိုးသွားလို့သာ
ဒီအခြေအနေထိရောက်တာ"သူတစ်ပြန်ကိုယ်တပြန်ဖြစ်နေတာရော
ကြီးကြီးမားမားထိခိုက်မိတာလည်းမရှိတာမို့
ဟိုဘက်ကမိဘတွေနဲ့ပြေလည်အောင်
ဖြေရှင်းပြီးပါပြီအဓိကပြောချင်တာကတစ်ခြားတစ်ခုပါ
ယွန်းဂျီရဲ့ အမှတ်တွေက
ဆက်တိုက်ကိုကျနေတာ
အရင်က စာအရမ်းတော်ခဲ့တဲ့ကလေးက
ရုတ်ရက်ကြီး ဒီလိုအမှတ်တွေထိုးကျနေတော့
တစ်ခုခုများ ဖြစ်နေတာများလား
အိမ်ကရော ဒီအကြောင်းတွေကိုသိရဲ့လားဆိုပြီး
သေခြာသိချင်လို့ခေါ်လိုက်ရတာပါ ""ကျွန်တော်မသိခဲ့ဘူး"
"ကျွန်မခန့်မှန်းမိပါတယ်
ကလေးကိုနည်းနည်းစောင့်ကြည့်ပြီး
အချိန်ပေးစကားပြောကြည့်ဖို့တိုက်တွန်းပါရစေ""ဟုတ်ကဲ့ ကျွန်တော်လုပ်ကြည့်ပါမယ်
သမီးကိုလည်းအပ်ပါတယ်ဆရာမ
သမီးနဲ့ပါတ်သက်ရင်
အချိန်မရွေးအကြောင်းကြားလို့ရပါတယ်""ဟုတ်ကဲ့ အဲ့တာဆိုသွားလို့ရပါပြီ"
"သွားလိုက်ပါဦးမယ်"
YOU ARE READING
💛LOVE CIRCLE⭕
Fiksi Penggemarအချစ်တွေနဲ့ပြည့်နေရင်ပျော်ရွှင်ရမယ်ထင်ခဲ့တာ အဲ့ဒါကြောင့်မို့ ကိုယ်ချစ်ရတဲ့သူတွေပျော်ရွှင်စေဖို့ အပြည့်အဝချစ်ပေးတော့လည်း ကိုယ့်နှလုံးသားတစ်ခုလုံးသာအစိတ်စိတ်အမွှာမွှာဖြစ်ရတာပါပဲ တကယ်တမ်းအချစ်တွေပြည့်နေတော့လည်း နာကျင်မှုကပိုများနေတယ် ချစ်ခြင်းမေတ္တာတ...