လူခြောက်ယောက်သာဝိုင်းဖွဲ့ထိုင်နေသော
အခန်းကျယ်တစ်ခုရဲ့လေထုဟာ
ကောင်းစွာလုံလောက်သော်ငြား
ထိုသူများထဲမှတစ်ယောက်အတွက်တော့
မွန်းကျပ်နေဟန်ရှိသည်။အခန်းဝမှ လူနှစ်ယောက်ကတော့
စိတ်ပျက်လက်ပျက်ဖြင့်
အခန်းတွင်းမှလူများကိုကြည့်နေသည်။"ခင်ဗျားရဲ့သမီးလား ကျွန်တော်လား
ရွေး မင်ယွန်းဂီ
မင်ယွန်းဂျီလား ပတ်ခ်ဂျီမင်းလား""မင်းက ကိုယ့်ကို ခက်ခဲအောင်လုပ်နေတာပဲ
ဂျီမင်းနီ"မျက်နှာကိုလက်နဲ့သပ်ချပြီး
နာကျင်ဟန်ဖြင်သူဆိုလေတော့"ခက်ခဲတယ်ဟုတ်လား !!
ဒီရွေးချယ်မှုလေးကခက်ခဲတယ်ပေါ့
ခင်ဗျားချစ်ပါတယ်ဆိုတဲ့ကျုပ်ကို
ရွေးချယ်ဖို့ကအဲ့လောက်ခက်ခဲတယ်ပေါ့ "ပြန်ပြောလာတဲ့ကောင်လေးရဲ့
မျက်နှာသည် ဝမ်းနည်းနေဟန်ဖြစ်သော်ငြား
အသံတို့မှာမာကြောနေလျက်....ကောင်လေးကိုကြည့်ပြီးသူ့ရင်တွေနာရပါတယ်
မင်း ကိုသိပ်ချစ်တာ မင်းသိအောင်
ထုတ်မပြနိုင်ခဲ့ဘူးထင်တယ်"ကလေးရှေ့မှာ အဲ့လိုပြောမှဖြစ်မှာလား ဂျီမင်းနီ"
"သမီးကလေးမဟုတ်တော့ဘူး ဒယ်ဒီ
ရွေးချယ်ပါ သမီးလား ပတ်ခ်ဂျီမင်းလား
ဒယ်ဒီရွေးချယ်မှုပေါ်မှုတည်ပြီး
မာမီနဲ့ နေ မနေ ဆုံးဖြတ်မှာ"အသက်ပြည့်ဟန်မပေါ်သည်ကလေးမတစ်ယောက်ရဲ့အသံဟာလည်းတင်းမာနေပြန်သည်...
သူရဲ့ ချစ်ခင်ကြင်နာမှုတွေ
လုံလုံလောက်လောက်နဲ့
ကြီးပြင်လာခဲ့တဲ့ကလေးလို့
သူထင်ခဲ့ပေမဲ့
အဲ့လိုမဟုတ်ခဲ့ဘူးထင်ပါတယ်..."မင်ယွန်းဂီ မင်းဘာကြောင်နေတာလည်း
ကိုယ့်မိသားစုကိုမရွေးချယ်နိုင်လောက်တဲ့ထိ
မွှန်မနေနဲ့ ငါ့သားလို့ပြောရမှာတောင်ရှက်တယ်
မင်း ကောင်းဖို့ပြောနေတာကွ"အဖေဖြစ်သူရဲ့ သူကောင်းဖို့အတွက်ဆိုတဲ့တိုက်တွန်းချက်ကဘာဖြစ်လို့
သူ့ကိုနာကျင်စေရတာပါလဲ...
သူကောင်းဖို့အတွက်ဆို"အမေ့မြေးကိုအမေမခွဲနိုင်ဘူးသားကြီးရယ်
ဒီကောင်လေးအတွက်နဲ့မိသားစုကိုမပစ်ပယ်ပါနဲ့ "အမေဖြစ်သူရဲ့တောင်းဆိုမှုကလည်း
သူ့ကိုဝန်ပိစေပြန်သည်။
ဘာလို့များ သားဖြစ်သူရဲ့
ပျော်ရွှင်မှုကိုမျက်ကွယ်ပြုနိုင်ရတာပါလဲ..."ငါတို့က
ငါ့တို့သားကိုဖူးဖူးမှုတ်ထားတာမင်ယွန်းဂီ
ဘယ်အရာနဲ့ယှဉ်ယှဉ်ငါ့သားက ဦးစားပေးပဲ
မင်းကိုလက်ခံခဲ့တာလည်းငါ့သားက
မင်းကိုချစ်နေခဲ့လို့ ဘာမဟုတ်တဲ့
အသိုင်းအဝိုင်းနဲ့ယှဉ်ရွေးခံရတာနဲ့တင်
တော်လောက်ပြီ မင်းသမီးကိုရွေးမယ်ဆိုရင်
ငါ့သားကိုဒီနိုင်ငံကနေငါပြန်ခေါ်သွားမယ်"...ဘယ်အရာနဲ့ယှဉ်ယှဉ်ငါ့သားကဦးစားပေးပဲ ...
နားထဲကြားယောင်မိတဲ့စကားသံ
သူကရော သူ့မိဘတွေရဲ့ဦးစားပေးဖြစ်ခဲ့ပါရဲ့လား
ရွေးချယ်ရမယ် ဟား~~
ဖြတ်သန်းလာခဲ့သက်တမ်းတစ်လျောက်
ရွေးချယ်ခွင့်တောင် မပေးခဲ့ပါပဲနဲ့
သူတို့စိတ်တိုင်းကျနေပေးခဲ့တဲ့ငါကို
အခုတော့ရွေးချယ်ခွင့်ပေးကြပြီပေါ့...."အဟက်"
လှောင်ပြုံးရယ်လည်းမမည်တဲ့အပြုံး
မျက်ရည်တွေနှင့်ခန့်မှန်းရခက်တဲ့အပြုံး
ထိုသူ့ဆီကနေတစ်ခါမှမမြင်ဖူးတဲ့အပြုံးမျိုးသူ့အနားဝိုင်းနေတဲ့သူတွေကို
ငြိမ်သက်သွားစေခဲ့တယ်"ကိုယ့်ကိုယ်ကိုယ်ပဲ ရွေးချယ်မယ်...."
💛LOVE CIRCLE⭕
လူကြီးထိန်းကို ကိုယ်ဆက်မရေးဖြစ်သေးပါဘူး
အမှန်တိုင်ဝန်ခံရရင် ကိုယ်ရေးထားတာကိုယ်အားမရတာပါ အဆင်ပြေတာနဲ့
အပိုင်းသစ် upပေးပါမယ်🙆
ဖတ်ပေးတဲ့တစ်ဦးချင်းစီကိုကျေးဇူးတင်ပါတယ် သတိတရရှိပေးတဲ့သူကိုလည်း ကျေးဇူးတင်ပါတယ်အခု YoonMinလေးကိုလည်း
စိတ်ကူးထဲ အရမ်းပုံပေါ်နေတဲ့
ဇာတ်ကြောင်းလေးမို့ မမေ့ခင်လေး
Introဝင်လိုက်တာပါ 🤗
YOU ARE READING
💛LOVE CIRCLE⭕
Hayran Kurguအချစ်တွေနဲ့ပြည့်နေရင်ပျော်ရွှင်ရမယ်ထင်ခဲ့တာ အဲ့ဒါကြောင့်မို့ ကိုယ်ချစ်ရတဲ့သူတွေပျော်ရွှင်စေဖို့ အပြည့်အဝချစ်ပေးတော့လည်း ကိုယ့်နှလုံးသားတစ်ခုလုံးသာအစိတ်စိတ်အမွှာမွှာဖြစ်ရတာပါပဲ တကယ်တမ်းအချစ်တွေပြည့်နေတော့လည်း နာကျင်မှုကပိုများနေတယ် ချစ်ခြင်းမေတ္တာတ...