♡︎8

125 28 4
                                    

Unicode

ရေစက်တွေဖြတ်ဖို့ မလွယ်ဘူးဆိုတာ အခုတော့ သိခဲ့ပြီထင်သည်။
ဆော့ဂျင်က အိမ်မက်ထဲက နိုးထတော့မည်။
နမ်ဂျွန်းတော့ နေခဲ့မှာပါပဲ။
ဒီအိမ်မက်ထဲမှာ ကျေကျေနပ်နပ်ကို တစ်သက်လုံးနေတော့မှာ။

လက်လွှတ်တယ်ဆိုတာထက် လုပ်သင့်တာကိုလုပ်လိုက်ကြတယ်လို့ ပြောရင်ပိုမှန်မလား။
အမှားတွေကနေ အမှန်စီ ပြန်လာရတဲ့ခရီးမှာ ဘုရားသခင်ကိုတောင်းပန်ဖို့ ကျူးလစ်တွေတော့ ပါအောင် ယူလာရမည်။

"အခု မင်းနဲ့ရှိနေပါသေးတယ်နော်"

ဆော့ဂျင်နဲ့ ဘေးတစ်စောင်းလှဲနေရာကထပြီး မျက်နှာပေါ် အုပ်ကျနေတဲ့ ဆံပင်လေးတွေကို သပ်ပေးရ၏။
ငေးကြည့်နေတဲ့ ဆော့ဂျင်မျက်ဝန်းထဲက နွေးထွေးမှုတွေ အတွက်လည်း ကိုယ့်ကိုကိုယ် ဂုဏ်ယူမိသေးသည်။
ဒါတွေဟာ နောက်ဆုံးသော အထိအတွေ့။
နောက်ဆုံးသော အခွင့်အရေးတွေ။

"မင်းနှုတ်ခမ်းအောက်က မှဲ့လေးကို ကိုယ်အရမ်းချစ်တယ်"

"ကျွန်တော့်လောက်လား"

"ဟင်"

"ကျွန်တော်နဲ့ အဲ့ဒီမှဲ့မှာ ဘာကိုပိုချစ်လဲလို့ မေးတာ"

ဆော့ဂျင်ရယ်ရင် သွားတန်းလေးတွေ ပေါ်လာတယ်။
အရင်လို အေးစက်စက်နဲ့ရယ်လို့ လှစ်ခနဲတစ်ချက်တည်း ပေါ်တာမဟုတ်ဘဲ ရယ်နေတဲ့တစ်ချိန်လုံး ပေါ်နေလို့ နမ်ဂျွန်းကျေနပ်ရပါ၏။
လှလိုက်တာ။
ဆော့ဂျင်က စတွေ့ကတည်းကကို လှတယ်လို့ နမ်ဂျွန်းဘဝမှာ ပထမဆုံးသတ်မှတ်ရတဲ့ ယောင်္ကျားပါပဲ။

"မင်းကိုချစ်တော့ မင်းရဲ့အမှတ်အသားလေးတွေကိုပါ ချစ်တာပေါ့ ကလေးလေးရယ်"

"ပြီးတော့ ဘာကိုချစ်သေးလဲ"

ကုတင်ပေါ် လက်ထောက်ပြီး ခန္ဓာကိုယ်ကို နည်းနည်းကြွလိုက်တဲ့ ဆော့ဂျင်က ပါးပေါ်ကမှဲ့နေရာစီ နှုတ်ခမ်းတွေနဲ့ ထိကပ်ထားလိုက်သည်။
ညောင်းနေမှာစိုးလို့ ကုတင်နဲ့ ကွာနေတဲ့ခန္ဓာကိုယ်လေးရဲ့ နောက်ကျောကို နမ်ဂျွန်းလက်တစ်ဖက်နဲ့ ထိန်းလိုက်မိသေး၏။
ဆော့ဂျင်နဲ့ပက်သက်လို့ ဂရုစိုက်တဲ့ နမ်ဂျွန်းက အရမ်းအနုစိတ်လွန်းတယ်နေမည်။

Film OUT✔︎Where stories live. Discover now