Unicode
8နာရီစာလောက်ပဲ အချိန်ရှိတဲ့ ည။
အဲ့ဒီတစ်ညလုံး ဆော့ဂျင်ရော နမ်ဂျွန်းရော ပြတင်းပေါက်မှာပဲ ထိုင်နေကြတာ။
ပထမဆုံးညကလို အမှောင်ထုထဲ ကြည့်နေတဲ့ဆော့ဂျင်ကို ပြတင်းပေါက်ဘောင်ပေါ် လက်ထောက်လို့ နမ်ဂျွန်းငေးနေတာ။အဆုံးသတ်။
ဒါက အဆုံးသတ်လား။
အသိတရားထဲ ဆော့ဂျင်ဟာ မနက်ကျရင် မရှိတော့ပါ၊ အိမ်တံခါးကိုခွင့်မတောင်းဘဲ ဝင်လာခဲ့တဲ့ ဆော့ဂျင်ဟာ အဲ့ဒီအိမ်တံခါးကို သူကိုယ်တိုင်ပဲ ပြန်ပိတ်သွားမှာပါလို့ ရိုက်သွင်းထားရသည်။ဖုန်းနံပါတ်လည်း နမ်ဂျွန်းမတောင်းမိ။
ဆော့ဂျင်ကလည်း မပေးပါလေ။
ရေစက်ဖြတ်ကြရအောင်လေ။
ဘာကိုမှ ဆွဲမထားကြတော့ဘဲ ကြားထဲကစည်းကို ကျောပေးပြီး ကိုယ့်လမ်းကိုလျှောက်ကြရအောင်ပါ။
အဲ့လိုမှမဟုတ်ရင် အစကတည်းက သူတို့နှစ်ယောက်ကြား ရှိနေတဲ့စည်းကနေ ဘာဆိုဘာမှမြင်ခွင့်မရှိတော့မယ့် တံတိုင်းကြီးလို ပြောင်းလဲသွားလိမ့်မည်။
အမှတ်တရတွေက လုံလောက်နေပါပြီ။"နမ်ဂျွန်း"
"ကျွန်တော်နားထောင်နေတယ် ဆော့ဂျင်"
ဆော့ဂျင်မျက်လုံးတွေက နေရာကိုမရွေ့တော့။
အမှောင်ထဲ ကြည့်နေရာကနေ တစ်ချက်လေးလှုပ်သွားတာကို မရှိတော့။"မင်း Genevaကို ဘယ်တော့မှ မလာပါနဲ့ ကလေးရယ်"
သူဝယ်လာတဲ့ ကျူးလစ်တွေ။
ဆော့ဂျင်လိုချင်တယ်ဆိုလို့ သွားဝယ်ကြတဲ့ ကျူးလစ်တွေ။
နှစ်စီးလုံးရောထိုးထားတဲ့ ပန်းအိုးထဲမှာ အကုန်လုံးက ညှိုးတော့မလိုပဲ။"လာရင် မင်းအမှားတွေ လုပ်မိတော့မှာ"
ဆော့ဂျင်သိနေပြီးသားလေ။
အရိပ်အကဲ သိပ်သိတဲ့ ဆော့ဂျင်က ဒါကိုလည်း သိနေပြီးသား။
တစ်ခုခုကို ရစ်ပတ်ပြီးတာနဲ့ ဖြေရခက်တဲ့နွယ်လို နမ်ဂျွန်းရဲ့စိတ်က အမှားတွေလုပ်မိဖို့လည်း ဘယ်ခက်ပါ့မလဲ။
ဆော့ဂျင်မှမဟုတ်ရင်၊ ဆော့ဂျင်ကို ထိခိုက်စေတာမဟုတ်ရင် အဲ့ဒီအမှားကို ပျော်ပျော်ကြီးလုပ်ပစ်ဦးမှာ။ဒါပေမဲ့ ဆော့ဂျင်ဖြစ်နေလို့ကို Genevaကိုလာပြီး ဆော့ဂျင်လက်ကိုဆွဲလို့ ဆော့ဂျင်တစ်ဘဝလုံးကို ပြောင်းပြန်လန်စေမယ့်လုပ်ရပ်မျိုး နမ်ဂျွန်း ဘယ်တော့မှလုပ်မှာ မဟုတ်။
YOU ARE READING
Film OUT✔︎