Unicode
နေရောင်ကွက်ကျားနေရောင်ကွက်ကျား ထိုးနေတဲ့ လမ်းလေးပေါ်မှာ ပြေးလွှားနေတဲ့ မွန်နီးကို မာမီကခေါ်နေသည်။
လိမ္မာတဲ့ ကလေးလေးက ရှေ့ကပြေးသွားနှင့်ရာက ပြန်လာပြီး မာမီကိုချွဲတတ်တဲ့အကျင့်လေးရှိသည်။
တနင်္ဂနွေရဲ့ ညနေတိုင်းမှာ အိမ်နားက ပန်းခြံလေးစီ သားအမိနှစ်ယောက် လမ်းလျှောက်ထွက်ဖြစ်ကြသည်လေ။"မနက်ဖြန် မင်းဒယ်ဒီနဲ့ အတူသွားမှာလား"
"မဟုတ်ဘူး မာမီ..ဒယ်ဒီက meetingအစောရှိလို့ အရင်သွားမှာတဲ့ ကျွန်တော်ကတစ်ယောက်တည်းသက်သက် နောက်မှသွားမှာ"
မာမီကခေါင်းငြိမ့်ပြီး မနက်ဖြန်စဝင်မယ့် ဒယ်ဒီ့ကုမ္ပဏီကအလုပ်အတွက် မှာစရာရှိတာမှာနေသည်။
လမ်းလျှောက်ထွက်တိုင်း မြင်နေရတဲ့ ဆည်းဆာချိန်နဲ့ အိမ်မှာပဲနေဖြစ်တဲ့နေ့တွေမှာ ပြတင်းပေါက်မှာထိုင်တိုင်း တွေ့ရတဲ့ဆည်းဆာချိန်ဟာ ပြောင်းလဲမှုရယ်လို့မရှိ။ပြောင်းလဲမှုတွေက အချိန်အတိုင်းအတာတွေနဲ့ မဆိုင်တာထင်ပါရဲ့။
ငါးနှစ်။
ငါးနှစ်ရှိသွားပြီ။
ဆွစ်ဇာလန်ကနှင်းငွေ့တွေပျောက်ကုန်တဲ့ ငါးနှစ်။
ညှိုးခြောက်နေတဲ့ ကျူးလစ်ဖြူတွေကို မတွေ့ရတော့တဲ့ ငါးနှစ်။
အိမ်မက်လေးဟာ ငါးနှစ်ဆိုတဲ့အချိန်အတွင်း နိုးတစ်ဝက် အိပ်တစ်ဝက်နဲ့။
မျက်လုံးအိမ်တွေရဲ့ အမြင်အာရုံထဲမှာ မောင်းထွက်သွားတဲ့ ကားအနောက်လေးရဲ့နောက်ကို လိုက်ကြည့်နေခဲ့တဲ့ရက်တွေ။လွမ်းလားဆိုတော့ လွမ်းတာပေါ့။
ရူးမတတ်ချစ်ရတဲ့သူဖြစ်လို့ကို သေမတတ်လွမ်းရတာ။
လွန်ခဲ့တဲ့ သုံးနှစ်လောက်အထိ စိတ္တဇဖြစ်တော့မလို ခြောက်ခြားနေခဲ့တဲ့ နေ့ရက်တွေတိုင်းနဲ့ယှဥ်ရင် ပိုအဆင်ပြေလာတာကလွဲပြီး အခုထိလွမ်းနေဆဲပဲ။
တွေးမိတိုင်း။
အမြဲအတွေးထဲ နေရာယူထားခြင်းတွေ။နေ့ရက်တွေကို ဒီလိုဟာလာဟင်းလင်းဖြစ်နေတဲ့စိတ်နဲ့ ဘယ်လိုဖြတ်သန်းလဲမေးရင် သူ့ကိုလွမ်းရင်းကုန်ဆုံးပါတယ်လို့ပဲ ဖြေမှာ။
မျက်လုံးတွေပွင့်တာနဲ့ စိတ်ထဲကခေါ်လိုက်ရတဲ့ ဆော့ဂျင် ဆိုတဲ့နာမဟာ မပြောင်းလဲသေး။
မရောက်လာမှန်း၊ ဘယ်တော့မှ ဖြစ်မလာတော့မှန်းသိရဲ့သားနဲ့လေ။
ဗီဒိုထဲက အပေါ်ဆုံးအဆင့်မှာ နမ်ဂျွန်း အဝတ်အစားတွေမထားတတ်တော့။
အဲ့ဒီအစား အဲ့ဒီနေရာမှာ မာဖလာလေးတစ်ထည်တည်းရှိနေခဲ့သည်။
YOU ARE READING
Film OUT✔︎