သတို့သား မရှိတော့ဘူး !
Jungwon ခဏလောက်ကြောင်သွားတယ်
မရှိတော့ဘူး ?
ကျွန်တော်ကရော ကျွန်တော်ဘာဆက်လုပ်ရမလဲ အကုန်လုံးကပြာယာခက်နေကြတယ် တောင့်တောင့်ကြီးရပ်မိနေတာကကျွန်တော်.....
ထွက်ပြေးသွားတာလား..? ခုနလေးတင်တွေ့ခဲ့တာ
ခြောက်ကပ်ကပ်ရယ်မိသွားတယ် အကုန်လုံးကပြူးကြီးအထူးတဆန်းကြည့်လာကြတယ်
အာ မေ့တာ ဟျောင်းက " ကျွန်တော့်ကိုမချစ်ဘူးလေ "
ဟျောင်းကိုကျွန်တော်ကမရမကလိုက်ခဲ့တာ ဟျောင်းကငြင်းတယ် ကောင်မလေးရှိတယ်တဲ့ သိပါတယ် ဟျောင်းကိုစမြင်မိတည်းကကောင်မလေးတယောက်နဲ့လေ ဒါပေမယ့်ကျွန်တော်ကမရဘူး yang jungwon ပဲလေဗျာ လက်မလျှော့ဘူး အင်း မဟုတ်တဲ့နေရာမှာပေါ့..................
ဒါပေမယ့် ဟျောင်းကကောင်မလေးရှိတယ်လို့ပြောတိုင်းကျွန်တော်မသိသလိုပဲ နောက်နေတယ်လို့အမြဲစတတ်တယ် အရင်ကပါ......
တနေ့ကျတော့ အဲ့လိုစတော့ ဟျောင်းက မျက်နှာတည်သွားတယ်
တခွန်းပြောပြီးကျွန်တော့်နားကထွက်သွားခဲ့တယ်" ကိုယ်သူ့ကိုပဲလက်ထပ်မှာ တဘ၀လုံးစာအတွက်ရည်ရွယ်ထားတာ "
ကျွန်တော့်မှာတော့ကွဲသွားတဲ့နှလုံးသားလေးနဲ့ပေါ့ဗျာ
အိမ်ကိုပြန်ရောက်တော့ အပေါ်ကိုတန်းတက်ဖို့လုပ်ခဲ့တော့ အမေက ကျွန်တော့်ကိုလက်ထပ်ဖို့လူရှာထားတယ်တဲ့
ကျွန်တော်လည်းခံစားချက်မဲ့စွာနဲ့ပဲ အိမ်ကိုခေါ်လာလိုက်ပါကြိုက်သလိုစီစဉ်ပါတော့လို့ပြောခဲ့တယ်အိပ်ရာပေါ်ရောက်တော့ပစ်လှဲချလိုက်မိပြီး ငိုမိတယ် ယောင်္ကျားလေးတန်မဲ့ဗျာ ကျွန်တော်လည်း ဘ၀မှာ ပထမဆုံးငိုမိတာပါဗျာ ကျွန်တော့် အဘွားတို့ ကျွန်တော့် ညီမလေးတို့ ဆုံးတုန်းကတောင်ကျွန်တော်မငိုခဲ့ဘူး ငယ်ငယ်တည်းက အမြဲအလုပ်မအားပဲ ကုမ္မဏီကိုပဲသွားနေကြတဲ့ မိဘတွေမရှိလည်းကျွန်တော်မငိုပါဘူး ဟင်းချက်တဲ့ဒေါ်ဒေါ်ကတော့ပြောတယ် သူများကလေးတွေဆို ငိုတယ်တဲ့
ကျွန်တော်ကဘာလို့ငိုရမှာလဲ ကျွန်တော်သုံးဖို့ပိုက်ဆံရှာနေတာလေ ပျော်တောင်ပျော်ရမှာဗျ ကျွန်တော်တို့ဘ၀ကောင်းမွန်ဖို့ပေါ့ ထားပါတော့ ကျွန်တော်ပထမဆုံးအဲ့လိုငိုတော့ မျက်ရည်တွေကနွေးသားဗျ ကျွန်တော့်ရင်ထဲမှာတော့ ဆောင်းလေတွေတိုက်နေတယ်
ညစာတောင်ဟုတ်တိပတ်တိမစားနိုင်ပဲ ဟျောင်းအကြောင်းကိုပဲတွေးနေတယ် ဟုတ်တယ် jay hyung နူးညံ့တဲ့အပြုံးလေးကို စချစ်ခဲ့ရတာ ကြင်နာတတ်တဲ့နှလုံးသားလေးကို အကြွင်းမဲ့မြတ်နိုးမိတာ တောက်ပတဲ့မျက်လုံးလေးတွေ ဆံပင်အလယ်ခွဲလေးကအစဆွဲဆောင်မှုရှိတယ် လူတိုင်းအပေါ်နွေးနွေးထွေးထွေးဆက်ဆံတတ်တယ် ကျွန်တော်တော့မပါခဲ့ဘူးပေါ့ အဟက် နာကျင်တယ် ဟျောင်းကကျွန်တော့်ကိုပဲချန်ပြီးမနွေးထွေးလို့ ဒါပေမယ့် ရူးကြောင်ကြောင် ကျွန်တော်က အဲ့လိုဆက်ဆံတာကျွန်တော် တယောက်တည်းအတွက် ဆိုပြီး ပျော်သေးတယ်ဗျ ! ရူးသွားတာသေချာတယ်ဗျ အဟားး
ဒါပေမယ့်ဟျောင်းရာ ငယ်ငယ်တည်းကလက်မလျှော့တတ်ဖို့သင်ပေးခဲ့တာ အကျင့်ဖြစ်နေတယ်ဗျ မနက်ဖြန်လည်းဟျောင်းမကြိုက်လည်းလာမှာပဲ နောက်နေ့နောက်လနောက်နှစ် နောက်သံသရာပေါင်းများစွာ ဟျောင်းနောက်ကိုလိုက်နေမယ် ဟျောင်းဆီက ကျွန်တော်လိုချင်တဲ့အဖြေမရမချင်း
ဒါပေမယ့်ကျွန်တော်ယုံကြည်ချက်ရှိပါတယ် ဟျောင်းကျွန်တော့်ကိုပြန်ချစ်လာမှာသိတယ်
ကျွန်တော့်ဆွေမျိုးတွေတောင်ကျွန်တော့်ကိုမလွန်ဆန်နိုင်ဘူး ပါးချိုင့်နက်နက်လေးနဲ့ ကြောင်မျက်လုံးလှလှလေးတွေက လူတိုင်းကအရည်ပျော်စေမိတယ်ထင်ပါရဲ့ဗျာ တခါမှမပြုံးတဲ့ဖိုးဖိုးကိုတောင် ကျွန်တော်ကပဲပြုံးအောင်လုပ်နိုင်တာလေ အဲ့တော့ ဟျောင်းလည်းကျွန်တော့်ကိုပြန်ချစ်လာမှာ နောက်နေ့ကျွန်တော်ဟျောင်းကိုထပ်ဖွင့်ပြောမယ်
အာ မေ့တာ မနက်ဖြန်မေမေတို့လက်ထပ်ပေးမယ့်လူကိုကြည့်ပြီး စဉ်းစားပေးရဦးမယ် ဘာလိုမှာလဲဗျာ ကျွန်တော်က ဟျောင်းကိုပဲလက်ထပ်မှာ
YOU ARE READING
Hopeless
Romanceဟျောင်း ~ သူမကိုရွေးမှာကိုဘာလို့ကျွန်တော့်ကိုအရိပ်အခြေကြည့်နေတာလဲ အဲ့တာပိုနာကျင်ရတယ်ဗျ သွားမယ်ဆိုနောက်လှည့်မကြည့်ပါနဲ့ ကျွန်တော်ကျရှုံးနေတဲ့ပုံကိုမမြင်စေချင်လို့