ဟျောင်း~ တပတ်လောက်ရှိနေပြီပဲ ကျွန်တော်ကတော့အရမ်းလွမ်းတယ် ဟျောင်းဘယ်လိုနေမလဲမသိဘူး ဟျောင်းကတော့ပျော်နေမှာပေါ့ ၀မ်းနည်းတယ်ဗျ ဟျောင်းအဲ့လိုပျော်တာကို
ဟျောင်းကျတော့ပျော်ပြီးကျွန်တော်ကျတော့မပျော်ရဘူးလေ မတရားဘူးမလား။
ကျွန်တော်အစားမစားတာနှစ်ပတ်လောက်ရှိခဲ့ပြီ ရေပဲသောက်ခဲ့ရတဲ့ဗိုက် ကျွန်တော်အဲ့တာတွေ ဂရုမစိုက်ပါဘူး ကျွန်တော်ဂရုစိုက်တာ ဟျောင်း
တခုခုလုပ်မိတိုင်း ဟျောင်း ကိုပဲတွေးမိတယ်
ပြတင်းပေါက်ကိုကြည့်မိလည်း ဟျောင်း ကိုပဲတွေးမိတယ်
အကုန်ပါပဲ ကျွန်တော်ထိုင်နေရင်းနဲ့လည်း ဟျောင်း ကိုပဲတွေးနေမိတာ
ဟျောင်းမှမသိတာ ကျွန်တော့်ကိုဘယ်လိုရက်စက်ရမယ် ဘယ်လိုလုပ်ရင်သူငိုမှာ အဲ့လိုပဲတွေးနေတာမလားဗျာ
ကျွန်တော် မာနကြီးသွားတာပဲ အဲ့တုန်းက ဟျောင်း ကျွန်တော့်ကိုဘယ်လောက်နှိပ်စက်နှိပ်စက် ဟျောင်းကိုသွားခွင့်မပေးခဲ့ရမှာ အခုများတော့ ဟျောင်းကကျွန်တော့်ဆီယောင်လို့လည်းမလာတော့ပါဘူး..........ဟျောင်း ~ ဒီနေ့ကျွန်တော်ဆေးသွင်းရတယ် ဖြစ်ပြီပေါ့ဗျာ နှစ်ပတ်လောက်အစာမစားတော့ အားမရှိပဲမေ့လဲတာ အိပ်လည်းမအိပ်တော့ ကျွန်တော့်ကို ဆရာ၀န်က လူနာလက်လျှော့နေတယ်ဆိုရင် ကျွန်တော်တို့ဘာမှလုပ်ပေးလို့မရပါဘူး တဲ့
ဟားဟားမလုပ်ပေးပါနဲ့ဗျာ ဒေါက်တာလည်းအဲ့လောက်စိတ်မကောင်းဖြစ်ဖို့မလိုပါဘူး
ကျွန်တော်သေမှာကိုစိုးရိမ်ပေးတာကိုတော့ ကျေးဇူးပါ ဒါပေမယ့်ကျွန်တော်သေရင် ပျော်မယ့်လူရှိတယ်ဒေါက်တာရ ! ကျွန်တော့်ကိုသေသွားရင်ကောင်းမယ်လို့ပြောတဲ့လူရှိတယ် ကျွန်တော်သူ့အတွက်ဆိုသေရဲပါတယ် ဒါတောင်သူကျွန်တော့်ကိုအချစ်ကိုမမြင်ဘူးဒေါက်တာကိုအော်ပြောခဲ့မိတယ် ကျွန်တော်ငိုမိပြန်ပြီ ဟူး ဟျောင်းနဲ့ပက်သက်ရင်အမြဲပျော့ညံ့သွားတဲ့ကိုယ့်ရဲ့ပုံစံအသစ်ကို နေသားတောင်ကျနေပြီပဲ
YOU ARE READING
Hopeless
Romanceဟျောင်း ~ သူမကိုရွေးမှာကိုဘာလို့ကျွန်တော့်ကိုအရိပ်အခြေကြည့်နေတာလဲ အဲ့တာပိုနာကျင်ရတယ်ဗျ သွားမယ်ဆိုနောက်လှည့်မကြည့်ပါနဲ့ ကျွန်တော်ကျရှုံးနေတဲ့ပုံကိုမမြင်စေချင်လို့