ကျွန်တော် ဟျောင်းဆီကိုလာမလို့ပဲ မေမေက သူတို့နဲ့အရင်လိုက်ခဲ့ဆိုလို့ မလိုက်ချင်ပဲလိုက်ခဲ့ရတယ် စားသောက်ဆိုင်မှာ ထိုင်စောင့်ရတာပျင်းတယ်ဗျာ အချိန်မတိကျတဲ့လူပဲဗျ မေမေတို့ကတော့ ဘာမှမဖြစ်ဘူးပဲ
နောက်တော့ သူရောက်လာတယ် ကျွန်တော်လည်း ပြန်ချင်နေပြီ သူ့ကိုမြန်မြန်ငြင်းရမယ်လို့ ေတွးပြီး ကြည့်မိတော့ အသက်ရှုရပ်သွားတယ် ကျွန်တော်ထင်တာ ကျွန်တော် ဟျောင်းဆီ လာချင်တာလွန်ပြီး ဟျောင်းကို ပုံရိပ်ယောင်တွေမြင်နေရတယ်ပေါ့
ဒါပေမယ့်ဟျောင်းကကျွန်တော့်ဆီကိုတည့်တည့်လျှောက်လာနေတာ
တော့ကျွန်တော့်မျက်နှာချင်းဆိုင်ကိုထိုင်လိုက်တယ် ကျွန်တော်အခုထိမယုံနိုင်သေးဘူး ဟျောင်းကကျွန်တော်လက်ထပ်ရမယ့်လူလား ! အဲ့တာဆို အဲ့တာဆို ဟျောင်းကကျွန်တော်နဲ့တအိမ်တည်းမှာနေကြတယ် ပန်းပင်တွေစိုက်ကြမယ် ဟင်းတူတူချက်ကြမယ် ဟျောင်းကိုကျွန်တော်ကနောက်ကနေဖက်ပြီး ဟျောင်းကပြန်ပြုံးပြမယ် ဟျောင်းနဲ့တူတူလက်ကိုချိတ်ပြီးခရီးတွေသွားကြမယ် ဟျောင်းကဟျောင်းကကျွန်တော်နဲ့ ဆိုတဲ့အတွေးတွေတွေးနေလို့ဟျောင်းပြောတဲ့စကားကိုမကြားလိုက်ရဘူး မေမေတို့မျက်နှာပျက်သွားတော့မှ ကျွန်တော် ကြားလိုက်ရတယ်" ကျွန်တော်သူ့လိုလူကိုသေတောင်လက်ထပ်မှာမဟုတ်ဘူး "
ဟျောင်းရက်စက်တာပဲဗျာ အဲ့လိုထိပြောဖို့လိုလို့လားဗျာ ဟျောင်းမေမေကဟျောင်းကိုဖြောင်းဖြနေပေမယ့်ဟျောင်းက ကျွန်တော့်ကိုဒေါသထွက်နေတဲ့အကြည့်နဲ့ကြည့်နေတယ် နောက်တော့ ဟျောင်းက
" ကျွန်တော်သူနဲ့စကားခဏပြောချင်တယ် "
ကျွန်တော်ရင်တွေခုန်လာတယ် ဟျောင်းဘာပြောမလို့ပါလိမ့် သေချာတာကတော့ကောင်းတာမဟုတ်ဘူးပေါ့ အာ ဟုတ်တယ် ဟျောင်းမှာ ကောင်မလေးရှိတာပဲ နည်းနည်းသိမ်ငယ်သွားတယ် ဟျောင်းပြောတာတွေကသိပ်ပြီး......
Jay - မင်းကိုလက်မထပ်နိုင်ဘူး အော် တွေ့ကိုမတွေ့ချင်တာ
Jungwon - ဗျာ ဟုတ်.......
Jay - ရွံတယ် မင်းလိုကောင်ကို ကောင်မလေးရှိတဲ့လူကို လိုက်ကြောင်တဲ့လူတွေဆိုသိပ်ရွံတယ်
Jungwon- .........
Jay - အမေ့မျက်နှာကြောင့်တခုပြောလိုက်မယ် မင်းကိုမတတ်သာလို့လက်ထပ်ရမှာ တသတ်လုံးချစ်လာဖို့မမျှော်လင့်နဲ့ မင်းလည်း ငရဲကျသလိုခံစားစေရမယ်
ထွက်သွားတဲ့ဟျောင်းရဲ့ကျောပြင်ကနည်းနည်းတော့ကျွန်တော့်၀မ်းနည်းစေသား ဒါပေမယ့်လည်း ကျေနပ်နေတဲ့ဟျောင်းမျက်နှာကတကယ်ခန့်ညားပါတယ် ကျွန်တော့်ကိုဆိုအမြဲအနိုင်ယူချင်တဲ့ဟျောင်းကို ကျွန်တော်ကလည်းအမြဲအရှုံးပေးချင်မိနေတာပါ
မျက်ရည်အနည်းငယ်စိုစွတ်သွားတာကလွဲလို့....................
ဟျောင်းကောင်မလေးနိုင်ငံခြားကိုထွက်သွားတယ်လို့ကြားတယ် ဟျောင်းတို့လက်ထပ်ပွဲကြောင့်ရန်ဖြစ်ကြတယ်ဆို...? ကျွန်တော်ကြောင့်ပါ
ဟျောင်းတို့အိမ်ကိုလာလည်တုန်းက ကျွန်တော့်ကြောင့်ဟျောင်းတို့အခုလိုဖြစ်ရတာဆိုပြီး လက်ညှိုးထိုးပြီး အော်ခဲ့တဲ့ဟျောင်းရဲ့မျက်နှာကိုမမေ့ခဲ့ဘူး ဟျောင်း ငိုနေတယ် ဟျောင်းငိုရင်ကျွန်တော်နာကျင်တယ် ဟျောင်းငိုနေပြီး မျက်နှာချောင်ကျနေတယ် လက်မှာလည်းသွေးတွေနဲ့ ဆေးထည့်ပေးချင်တယ် ကျွန်တော်ထည့်ပေးတာဘယ်ခံပါ့မလဲ ဟျောင်း အိပ်လည်းမအိပ်စားလည်းမစားနဲ့ ကျွန်တော့်ကိုရူးအောင်လုပ်နေတာလားဗျာဟုတ်ပါတယ် ကျွန်တော့်ကိုအပြစ်ပုံချလိုက်တော့ဟျောင်းလည်းစိတ်ပေါ့သွားတာပေါ့
နောက်နေ့ကျွန်တော်တို့လက်ထပ်ပွဲနော် ဟျောင်း ကျွန်တော့်ဟျောင်းအရမ်းချောနေတော့မှာပဲဗျာ ဟျောင်းနဲ့သာအနမ်းချင်းဖလှယ်လိုက်ရင် အိုး မျက်နှာတောင်နီရဲလာတယ်ဗျာ ကျွန်တော်ကတော့စိတ်လှုပ်ရှားလွန်းလို့အိပ်မပျော်ဘူး ဟျောင်းကတော့ ဟျေိာင်းလည်းမ အိပ်ပါဘူး ဟျောင်းစိတ်ကတော့တစုံတယောက်ဆီမှာလေ ...
YOU ARE READING
Hopeless
Romanceဟျောင်း ~ သူမကိုရွေးမှာကိုဘာလို့ကျွန်တော့်ကိုအရိပ်အခြေကြည့်နေတာလဲ အဲ့တာပိုနာကျင်ရတယ်ဗျ သွားမယ်ဆိုနောက်လှည့်မကြည့်ပါနဲ့ ကျွန်တော်ကျရှုံးနေတဲ့ပုံကိုမမြင်စေချင်လို့