ဟျောင်းပျောက်သွားတယ်ဆိုတာကျွန်တော့်ကို မလှုပ်ရှားနိုင်တော့အောင်လုပ်လိုက်သလိုပဲ
ဟျောင်းအမေဖုန်းဆက်မှ စိတ်နည်းနည်းအေးသွားတယ် ဟျောင်းကဟျောင်းကောင်မလေးပြန်လာတာကိုသွားကြိုတာပဲ နည်းနည်းစိတ်က၀မ်းနည်းမိတာ ဒါကျွန်တော်တို့လက်ထပ်ပွဲနေ့လေဟျောင်းရဲ့ သိရဲ့လား ကျွန်တော်အဲ့လောက်တောင်မုန်းဖို့ကောင်းနေလားဟျောင်းရယ် ကျွန်တော့်ကိုတချက်လေးငဲ့ပေးကြည့်ပါဦးဗျာ ဟျောင်းပေးတဲ့နာကျင်မှုတွေလည်းလုံလောက်နေပါပြီ
ဒါပေမယ့်ဟျောင်းကျွန်တော်တို့ရဲ့အိမ်လေးကိုတော့လာသားပဲ ကျွန်တော်မလာဘူးလို့ထင်ခဲ့တာ ဟျောင်းအခန်းခွဲအိပ်မယ်လို့ပြောမှာကိုသိပြီးသားပါဗျာ ကျွန်တော့်လိုလူနဲ့ဘယ်အိပ်ချင်ပါ့မလဲနားလည်ပါတယ်
ကျွန်တော်ညစာစားဖို့ခေါ်တော့ဟျောင်းအပြင်ကိုထွက်သွားတယ် ဟျောင်းတအားနောက်ကျတာပဲ ကျွန်တော်စိတ်ပူရတာပေါ့ ဟျောင်းဘယ်သူ့ကိုသွားတွေ့တာလဲ အရက်တွေသွားသောက်တာလား ကောင်မလေးတွေ အထူးသဖြင့်ပါပဲ ကျွန်တော့်ကိုချစ်မနေတဲ့ဟျောင်းအတွက် ကောင်မလေးတွေကအန္တာရယ်ပဲလေ ဟျောင်းကတော့ကျွန်တော့်ကိုရွဲ့ပြီးတောင်ကောင်မလေးတွေနဲ့တွဲမလားမသိဘူး ဟက်ကျွန်တော်ထင်ခဲ့တာတွေမမှားခဲ့ဘူးပဲ ဟျောင်းညတိုင်းကောင်မလေးတယောက်နဲ့ပြန်လာတယ် တခါတလေနှုတ်ခမ်းနီရာတွေတောင်ပေနေသေးတယ် ကျွန်တော့်ကိုယောင်လို့တောင်မကြည့်ဘူး ဟျောင်းလို့ခေါ်လိုက်ရင် ရွံတယ်ဆိုတဲ့စကားတခွန်းပဲအမြဲကြားခဲ့ရတယ်
မနေ့ကကျွန်တော်စိတ်မထိန်းနိုင်တော့လို့ဟျောင်းကိုဒေါသထွက်မိသွားတယ် ဟျောင်း puplic ကြီးမှာကောင်မလေးတယောက်နဲ့နမ်းနေတယ်တဲ့ဗျာ ကျွန်တော် ခြေထောက်တွေတောင်အားမရှိတော့ဘူး ဟျောင်းကို အိမ်ပြန်ရောက်တော့ အဲ့အကြောင်းကိုအော်ပြောခဲ့တယ် ဟျောင်းကပြန်ပြောတော့လည်း ကျွန်တော်အလိုလိုအရှုံးပေးချင်မိလာတယ်
" မင်းကိုပြောပြီးပြီပဲကိုယ်မင်းကိုချစ်လို့လက်ထပ်တာမဟုတ်ဘူး "
"သေလောက်အောင်မုန်းလို့ထွက်သွားပေးရင်ကောင်းမယ် ဒါမှမဟုတ်သေပေး "
" မင်းဆိုတာကိုကကမ္ဘာပေါ်မှာအစတည်းကရှိမလာခဲ့ရမှာ မင်းသေသွားရင်ပျော်ပျော်ကြီး ကပြလိုက်မယ် "
" မင်းထွက်မသွားရင်ကိုယ်ထွက်သွားမယ် မင်းနဲ့တူတူယှဉ်ရပ်နေတာကရွံဖို့ကောင်းလွန်းတယ် "
ဟျောင်းက.........အဲ့လောက်ကိုမုန်းတာပဲ ကျွန်တော်မသိခဲ့လို့ပါဟျောင်းရယ် ထွက်သွားတဲ့ဟျောင်းရဲ့ကျောပြင်ကိုလည်းကျွန်တော်မတားခဲ့မိဘူး ကျလာပြန်ပြီ အဲ့မျက်ရည်ဆိုတဲ့ပူနွေးနွေးအရာ ........
ကျွန်တော်ကအရှုံးသမားပဲဟျောင်းရဲ့ဟျောင်းနဲ့မှအကုန်အရှုံးပေးထားတာ ဒါပေမယ့်ဟျောင်းကသေလောက်အောင်မုန်းတယ်တဲ့ ကျွန်တော့်ကိုတည့်တည့်ကြည့်ပြီးပြောခဲ့တယ် ကျွန်တော်သေလိုက်ရင်ဟျောင်းပျော်များပျော်မလားဟင် ကျွန်တော်ဆိုတာအစတည်းကရှိမလာရင်ကောင်းသားပဲ ဟျောင်းလည်းပျော်ရွှင်နေရမှာပေါ့ ဟုတ်တာပေါ့ ကျွန်တော် တော်တော်မကောင်းဘူးနော်ဟျောင်း ချစ်တယ်ဟျောင်းရာ ဒါပေမယ့်ကျွန်တော်နောက်ဆုတ်ပေးပါ့မယ် ဟျောင်းမမြင်ချင်တဲ့ကျွန်တော့်ကိုလေ ဟျောင်းယောင်လို့တောင်မမြင်ရတော့အောင် ကျွန်တော် ကျွန်တော်.................
ဟျောင်းကိုဖုန်းဆက်ပြီးပြောခဲ့တယ် ဟျောင်း ကို နောက်လကျရင်ကွာရှင်းလို့ရကြောင်း
မသိစိတ်ကဟျောင်းကိုလိုချင်နေတုန်းပဲ အဟက် ကျွန်တော်ပြောခဲ့တယ် ဟျောင်းတကယ်လို့ကျွန်တော့်ဆီပြန်လာချင်ရင် ကျွန်တော်အဲ့အိမ်မှာပဲစောင့်နေပါ့မယ် လို့ တကယ်လို့ အချိန်တော်တော်ကြာလို့ဟျောင်းမလာရင် ကျွန်တော်ထွက်သွားပေးပါ့မယ်ပေါ့ ဟျောင်းကပြန်ပြောခဲ့တယ်" မင်းကြိုက်တာလုပ် ကွာရှင်းဖို့အကြောင်းပဲဆက်ပြောမယ် မင်းကိစ္စစိတ်မ၀င်စားဘူး "
ဟုတ်သားပဲ ဒီကအရူးကသာပြောရင်းးငိုနေတာလေ
ဟျောင်းသာ တကယ်ကျွန်တော့်ကိုငိုအောင်လုပ်နိုင်တဲ့ပထမဆုံးနဲ့နောက်ဆုံးလူပဲ
YOU ARE READING
Hopeless
Romanceဟျောင်း ~ သူမကိုရွေးမှာကိုဘာလို့ကျွန်တော့်ကိုအရိပ်အခြေကြည့်နေတာလဲ အဲ့တာပိုနာကျင်ရတယ်ဗျ သွားမယ်ဆိုနောက်လှည့်မကြည့်ပါနဲ့ ကျွန်တော်ကျရှုံးနေတဲ့ပုံကိုမမြင်စေချင်လို့