ကောင်းကင်ကြီးတစ်ခုလံုးက ကြောက်စရာကောင်းလောက်အောင် အလင်းရောင်ကင်းမဲ့နေပြီး ကြီးမားတဲ့ အိမ်အိုကြီးရဲ့ခေါင်းမိုးပေါ်သို့ မိုးစက်များက ပြင်းပြင်းထန်ထန် ကျဆင်းလို့....
ရုတ်တရက်အိမ်ကြီးတစ်ခုလံုးကို လင်းထိန်သွားစေတဲ့ လျှပ်လင်းတန်းတစ်ခုဟာ ခေျာမောလှပတဲ့ Yoshinoriရဲ့ V shapeသဏ္ဍာန် မျက်နှာကလေးပေါ် ကျရာက်လာချိန်....
Yoshinoriဟာ မျက်လံုးအပေါ်ထိအုပ်ကျနေတဲ့ ဆံပင်တေွကြားကနေ သူ့ရေှ့တည့်တည့်က ခြေထောက်တစ်စံုကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။
သခင်ကြီး Kanamotoသည် သူ့ရေှ့မှာ ဒူးထောက်လျှက်ငြိမ်သက်စွာထိုင်နေတဲ့ သားဖြစ်သူ Kanemoto Yoshinoriရဲ့ လည်ပင်းကို ညှစ်ကိုင်လိုက်သည်။
"မင်း သေချာဆံုးဖြတ်ခဲ့တာလား?"
Yoshinoriရဲ့ ပါးလျသေသပ်တဲ့ နှုတ်ခမ်းလေးများ လှုပ်ရှားသွားပြီးနောက် ကြည်လင်ပြတ်သားတဲ့ အသံတစ်ခုက ထွက်ပေါ်လာ ်။
"ဘယ်တော့မှ မပြောင်းလဲပါဘူး အဖေ!"
Yoshinoriရဲ့ လည်ပင်းပေါ်က လက်ခေျာင်းများက ပိုမိုတင်းကြပ်လို့သွားသည်။
"ငါ့ကို အဖေလို့မခေါ်စမ်းနဲ့! "
Yoshinori - "....."
"ကောင်းပြီလေ မင်းကဆံုးဖြတ်ပြီးပြီဆိုမှတော့...."
သခင်ကြီး Kanemotoဟာ သူ့ရဲ့လက်ကို ဖြည်းညင်းစွာ လှုပ်ရှားလိုက်ပြီးနောက် Yoshinoriရဲ့ ခန္ဓာကိုယ်ဟာ ကြမ်းပေါ်သို့ပြုတ်ကျသွားခဲ့သည်။
*********
"Ya! Kim Doyoung! မင်းသိလား?"
"ဘာကိုလဲ?"
သူငယ်ချင်းဖြစ်သူက Doyoungရဲ့ ပုခံုးကို ဖြတ်ကနဲရိုက်လိုက်ကာ ပြောသည်။
"Ya! မင်းက အဲ့လိုနေရာတေွ စပ်စုတာမှာ ဆရာကြီးမဟုတ်ဘူးလား?"
Doyoungက သူ့လွယ်အိတ်ကိုပြင်လွယ်လိုက်ရင်း စိတ်ဝင်တစားမေးလိုက်သည်။
"ပြောစရာရှိတာပြောစမ်းကွာ!"
ကောင်လေးက Doyoungရဲ့ နားနားသို့ကပ်ကာ တိုးတိုးလေးပြောလိုက်ပြီးနောက် ချက်ချင်းပင် အိမ်ပြန်ရန် ဦးတည်နေတဲ့ Kim Doyoungရဲ့ခြေလှမ်းများက နောက်ပြန်လှည့်သွားတော့သည်။
YOU ARE READING
The Dream in a House (or) Light & Dark [Doyoshi]{uni+zaw}
FanfictionYoshinoriက Yoshinoriကိုအနိုင်ယူမှာတဲ့လား? Yoshinoriက Yoshinoriကိုအနိုင္ယူမွာတဲ့လား?