Yoshinori က ပြုံးလိုက်သည်။
''ငါကအယောင်ဆောင်ထားတယ်ထင်တယ်...?''
Doyoung - ''...''
သူက Doyoungကို နောက်ခိုင်းသွားပြီး ပြောခဲ့သည်။
''မင်း အချိန်ယူပြီးစဥ်းစားလိုက်ဦးပေါ့...''
Doyoung က ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ ထိုလူကိုလျစ်လျူရှုလိုက်ပြီးနောက် သူ့ရဲ့ကျောပိုးအိတ်ကိုလွယ်ကာ ထိုလူနှင့်ဆန်ကျင်ဘက်သို့လျှောက်သွားလိုက်သည်။ ဒီမကောင်းတဲ့လူနဲ့ဆန့်ကျင်လိုက်ရင် ကောင်းတာတွေ ဖြစ်လာနိုင်(လောက်)ပါတယ်....
ဒီလိုနဲ့ ထိုလူနဲ့ဆန့်ကျင်စွာ ခွဲထွက်လာခဲ့ပြီး လုံးဝကိုခွဲယူလို့မရနိုင်အောင်တူညီသည့် အခန်းပေါင်းများစွာနှင့် ကမ္ဘာ့မြေပုံထက်ပင်ရှုပ်ထွေးပွေလီလှသည့် လျှောက်လမ်းများကြားသို့ လျှောက်သွားနေလိုက်သည်။ ပထမဆုံးအနေနဲ့ သူအရိုးပြာနှစ်အိုးကိုရှာရမည်ဟု တေးထားလိုက်သည်။
သို့သော်လည်း ၅နာရီထက်မနည်းလောက်သည့်အချိန်လောက် လမ်းလျှောက်ပြီးသော်လည်း သူ ဘယ်လမ်းကိုရောက်ကာ ဘယ်အခန်းရောက်နေမှန်း နည်းနည်းလေးတောင် သဲလွန်စမရလာပါချေ။
Doyoungသည် အရင်တစ်ခါ သူဆော့ပင်တစ်ချောင်းနှင့် အခန်းတံခါးတွေမှတ်ထားခဲ့ချိန်ကို သတိရသွားသည်။ ထိုအချိန်က Doyoungမှာ သူ့ကိုယ်သူ လက်တွေ့လား အိမ်မက်လား သေချာမသိခဲ့ရပေ။ စဥ်းစားကြည့်တော့ ၎င်းက အိမ်မက်တစ်ခုဖြစ်နိုင်ပါသည်။ ထို့ကြောင့်သာသူနိုးလာချိန်၌ အခန်းတံခါးများပေါ်ကအမှတ်အသားများက မရှိနေတာမျိုးဖြစ်နိုင်(လောက်)သည်။
သူ့၏၎င်းအတွေးသည် မခိုင်မာလှပေ။ နောက်ထပ်တစ်မျိုးက Yoshinori၏ ကိုယ်မှခွဲထွက်နေသည့် ထိုအရိုင်းဝင်နေသည့်ဝိညာဥ်နှင့် ဤအိမ်ထဲရှိ တခြားသော မကောင်းဆိုးဝါးများကြောင့်ပျက်သွားခြင်းလည်း ဖြစ်နိုင်သေး၏။ Doyoungမှာ ထိုမကောင်းဆိုးဝါးဆိုသည့်အတွေးကိုတွေးပြီးနောက် သ့ကျောတစ်လျှောက်လုံး ရေခဲရေဖြင့်အပက်ခံလိုက်ရသလို အေးခဲတောင့်တင်းသွားကာ နောက်သို့အလျှင်အမြန်လှည့်ကြည့်မိလိုက်ပါ၏။ ဘာမှတော့မရှိပါပေ။
YOU ARE READING
The Dream in a House (or) Light & Dark [Doyoshi]{uni+zaw}
FanfictionYoshinoriက Yoshinoriကိုအနိုင်ယူမှာတဲ့လား? Yoshinoriက Yoshinoriကိုအနိုင္ယူမွာတဲ့လား?