Episode (4)

163 35 24
                                    

အိပ်ချင်မှာစိုးလို့စကားပြောနေကြမယ် ဆိုမှ သူတို့ကြားမှာ ပြောစရာစကားက တကယ်မရှိတော့ဘူး။ Doyoungက သူ့နံဘေးကလူကိုလှည့်ကြည့်ရင်းပြောလိုက်သည်။

''ခင်ဗျားမှာ ပြောစရာမရှိဘူးလား ဒီတိုင်းဆိုကျွန်တော်အိပ်ပျော်သွားလိမ့်မယ်...''

ထိုလူက သူ့ကိုပြန်ကြည့်ရင်း ပြန်ပြောသည်။

''ကိုယ်က ဘာပြောရမှာလဲ မင်းကစကားအရမ်းများတာမဟုတ်ဘူးလား?''

Doyoung - ''....!''

ဒါပေမယ့် အခုဘာပြောရမှန်း တကယ်မသိတာ။
Doyoungက ရုတ်တရက် ဉာဏ်အလင်းပွင့်သွားပြီး အကြံပြုသည်။

''ကျွန်တော်တို့ ကစားကြမလား?''

ထိုလူက သူ့ဘက်သို့လှည့်လာကာ သေချာကြည့်သည်။ ထို့နောက် Doyoungရဲ့ မျက်နှာနားသို့ တိုးကပ်လိုက်ပြီး မျက်ခုံးပင့်လိုက်သည်။

''ဘာတိုင်း ကစားချင်တာလဲ?''

ဘာတိုင်းကစားဖို့တော့ Doyoungစိတ်မဝင်စားတော့ဘူး။ ဒီလိုအချိန် ဒီလိုနေရာ ဒီလိုအခြေအနေမျိုးမှာ သူ့ကို နောက်သလိုလို အတည်လိုလိုနဲ့ လာကစားနေတဲ့ ထိုလူကို သူ့နဖူးနဲ့ တိုက်ပစ်လိုက်သည်။ သူ့ကိုမထိတထိကစားစရာမဟုတ်မှန်း ကြမ်းပြလိုက်ခြင်းဖြစ်သည်။ ထို့နောက် ရလဒ်အနေနှင့် သူကိုယ်တိုင်က သတိလစ်မေ့မျောသွားလေတော့သည်။

>><<

''အား...!''

နဖူးထက်က နာကျင်မှုကြောင့် Doyoungဟာ သူ့နဖူးကိုပွတ်သပ်လိုက်ပြီးနောက် သူ့ရှေ့ကလူကို မျက်နှာရှုံ့ကြည့်လိုက်သည်။

''ခင်ဗျား ခေါင်းကမာလိုက်တာ!''

ထိုလူက ဟက်ကနဲရယ်ကာဆိုသည်။

''နုံချာလိုက်တာ...''

Doyoungက မကျေမနပ်နှင့် ထိုလူကိုကြည့်သော်ငြား...

နေပါဦး။ ရုတ်တရက်ကြီး အကြည့်က ပြောင်းသွားသလိုပဲ...

လူစားထိုးခံလိုက်ရသလိုမျိုးလေ...

''ခင်ဗျား တကယ်ကြီး စိတ်မမှန်ဘူးလား?''

ထိုလူက သူ့စကားကို အဖက်မလုပ်။ ထိုအစား သူ့နံဘေးက မီးငြိမ်းနေသည့် မီးအိမ်ခွက်ကို ကောက်ယူကာ ပြောသည်။

The​ Dream in​ a House (or)​ Light​ &​ Dark [Doyoshi]​{uni+zaw}​Where stories live. Discover now