Unicode
လွန်ခဲ့သော ၁၃နှစ်.....
"၂၀၁၈ ခုနှစ် ဥပဒေပညာဌာန
မောင်မယ်သစ်လွင် ကြိုဆိုပွဲ "ထို အပြာရောင် ဗီနိုင်းဆိုင်းဘုတ်ကြီးမှာ ဒုတိယနှစ် အခန်း၏ သင်ပုန်းပေါ်တွင် ထပ်ကာ ကပ်ထားခြင်းဖြစ်သည် ။ မေဂျာဟော ဖြစ်ရမည့် အခန်းကြီးသည် စာသင်ခန်းအဖြစ် အသွင်ပြောင်းထားရာမှ သူ့သရုပ်မှန်အဖြစ် တစ်ရက်တာ နေထိုင်ခွင့်ရ၍ အလွန်ပျော်နေရှာသည် ။
' အကြိမ်ကြိမ် ရင်ခုန်မိသော မင်းမျက်ဝန်း ....
အာရုံမှာ ငြိတဲ့မျက်ဝန်း ...
မင်းရဲ့အကြည့်မှာ မြောနေခဲ့ ....
မင်းရဲ့ မင်းရဲ့ အချစ်မျက်ဝန်း 'စင်မြင့်ထက်တွင် ဂီတာညိုလေးကို တီးခတ်ရင်း သီချင်းဆိုနေသူက ခန်းမတွင်းရှိ လူတိုင်း၏ အာရုံကို ဖမ်းစားထားသည် ။ ထိုသူ့ရဲ့ အာရုံတွေကတော့ အနောက်ခပ်ကျကျ နေရာမှာ ထိုင်နေသည့် ငယ့် မျက်ဝန်းပေါ်တွင်သာ တည်ရှိနေသည် ။
' ကျိန်စာအလား
ရပ်မသွားတဲ့ ခံစားချက်ပေါင်းများစွာနဲ့
စူးရှတဲ့ မျက်ဝန်းတစ်စုံ မင်းချန်ခဲ့ ...... 'အကြည့်ခံရသူမှာလည်း ပါးလေးများပင် နီရဲနေရှာတာ ဘယ်သူသိပါ့မလဲ ။
ခန်းမတွင်းရှိ လူတိုင်းလူတိုင်းသည် ထင်ရာကိုးသရဲ့ သီချင်းဆိုကောင်းခြင်းအပေါ် မှင်သက်ရင်း သီချင်းလေးအတိုင်း စီးမြောနေကြသည် ။ကာယကံရှင် နှစ်ဦးမှာတော့ လူ ၂၀၀ လောက်ကို လျစ်လျူရှုကာ နှစ်ယောက်တည်းကမ္ဘာတွင် မျက်ဝန်းခြင်း စကားပြောနေကြသည် ။
' ဘယ်လောက်ပဲ တို့ဝေးပါစေ
တစ်ချက်လေး စောင်းငဲ့ကြည့်ရုံနဲ့
မျက်ခုံးအပင့်မှာ ဒီအလွမ်းတွေ ပုန်းကွယ်နေ ....ချိုမြိန်တဲ့ ချစ်စကားတွေ
ဘယ်လိုပဲ ခဏခဏ ပြောချင်လည်း
မင်းရှေ့မှာ အတောင်ကျိုးတဲ့ ငှက်လိုပဲ ....ဟန်မဆောင်တဲ့ အချစ်တွေနဲ့
ရင်ထဲက စောင့်မျှော်ခဲ့
ဖွင့်ပြောခဲ့ချင်ပေမယ့် .....
မသေချာတဲ့ အချစ်တွေနဲ့ ပစ်သွားမလား စိုးရိမ်ခဲ့
မျက်ဝန်းနဲ့ ပြောနေမိခဲ့ ......
YOU ARE READING
လွင့်ပြယ်သွားသော တိမ်တိုက်ငယ်
RomanceStart date - 13 Sep 2022 ( 11: 09 AM) End date - 31 May 2023 ကျိုးပြတ်သွားတဲ့ ကတိတစ်စုံဟာ လွင့်ပြယ်သွားတဲ့ တိမ်တိုက်တွေလိုပဲ ပုံစံတကျ ပြန်စုစည်းလို့မရတော့ဘူး