ဇာတ်သိမ်းပိုင်း

12.5K 197 29
                                    

၅လပိုင်း ၃၁ရက်​နေ့

ဒီ​နေ့စွဲဟာ တစ်သက်လုံးစာ အမှတ်ရ​နေမည့် ​နေ့စွဲ​လေး ၊ လက်ထပ်ပွဲ​နေ့​ပေါ့ ။

မိုးဦးရာသီမို့ မြက်ခင်းပြင်မင်္ဂလာပွဲ​လေး မိုး​ကြောင့် ပျက်မည်ကို ပူမိ​သော်လည်း ​ကောင်းကင်ကြီးက တိမ်ကင်းစင်ကာ ​နေ​ရောင်ခြည်က ​တောက်ပ​နေ၏ ။

အမှုကိစ္စ ဂိုဏ်းကိစ္စနဲ့ ရှုပ်​နေ၍ လက်ထပ်ပွဲကို ​နောက်ဆုတ်ထားခဲ့​ပေမယ့်လည်း ပြီးခဲ့တဲ့ ​နေ့ရက်တိုင်းမှာ အတူတူ ​နေထိုင်ပြီး မိသားစုဘဝ​လေးကို ပုံ​ဖော်​နေခဲ့ကြသည် ​။

မိုးလင်းရင် အရင်နိုးတဲ့ အစ်ကိုက ငယ့်ကိုနှိုးကာ သွားအတူတူတိုက် ၊ ပြီးရင် အစ်ကိုက စား​သောက်စရာ၀ယ်ဖို့ ​စျေးသွား​နေချိန် ငယ်က အိမ်မှာ မနက်စာပြင်ဆင် ထည်ဝါ​လေးနိုးရင်​သောက်ဖို့ နို့ဗူးနဲ့ အဟာရမှုန့် ကို​ဖျော်ထား​ရသည် ။ မနက်စာပြင်အပြီး နို့ဗူး​ဖျော်အပြီး အချိန်ကိုက် အစ်ကိုပြန်​ရောက်လာပြီး ထည်ဝါ​လေးလည်း နိုးလာတတ်သည် ။

ငယ်ကိုယ်တိုင်ထည်ဝါ​လေးကို သန့်စင်​ပေးပြီးရင် ​​အောက်ထပ်​ခေါ်လာကာ မိသားစု၃​ယောက်အတူတူ မနက်စာစားကြသည် ။ မနက်စာစားပြီးရင် ထည်ဝါ​လေးက နိုးဗူးတန်းလန်းနဲ့ ပြန်အိပ်​ပျော်​နေပြီ ။

အဲ့ခါမှ အစ်ကိုက ထမင်းဟင်းချက်ပြုတ် ငယ်က ရုံးသွားဖို့ပြင်ဆင် ။
တစ်ခါတ​လေ ငယ့်ဖာသာ ကား​မောင်းသွား​ပေမယ့် အစ်ကိုလိုက်ပို့သည်က များသည် ။ တစ်​​​နေကုန် ရုံးသွား​နေချိန် သားအဖ၂​ယောက် ဘယ်လို၂ပါးသွားကကြမလဲ ငယ်မမြင်ရ​ပေမယ့် ပြန်လာရင် တစ်ခုမဟုတ်တစ်ခု ပြသာနာဖြစ်​နေတတ်သည် ။ ဥပမာ - မီးပူကျွမ်းတာမျိုး ၊ ပန်းကန်​တွေကွဲကုန်တာမျိုး ။ ထည်ဝါ​လေးက အစ်ကို့ ဂစ်တာကို ဖျက်ဆီးလိုက်လို့ဆိုပြီး ၂​ရက်လောက် က​လေးကို စိတ်​ကောက်​နေလို့ ငယ့်မှာ က​လေးပါ ရုံး​ခေါ်သွားရ​သေးသည် ။

​​နေ့ရက်တိုင်းဟာ ထပ်ဖန်တလဲလဲ တူညီစွာ ဖြစ်တည်​နေ​ပေမယ့် ရိုးသွားတယ်လို့ကို မရှိပါဘူး​လေ ။

ရုံးပိတ်ရက်​ရောက်ရင်​တော့ အပြင်​လျှောက်လည်ဖြစ်သည် ။ အိမ်မှာပဲ​နေပြီး မုန့်လုပ်စားတဲ့ အခါမျိုးဆို ဒီလှိုင်းဦးနဲ့ ​ဇေခန့်ထည်တို့အတွဲ လာလည်​တတ်၏ ။ သာကီတို့ ဇနီးမယားလည်း တစ်ခါတ​လေ လာလည်ပါသည် ​။

လွင့်ပြယ်သွား​သော တိမ်တိုက်ငယ် Where stories live. Discover now