အပိုင်း ၄၃

2K 91 19
                                    

Unicode

သူ့ဆီက ထွက်သွားရမယ်ဆိုတာ ​တွေးမိတဲ့တစ်ခဏ
မွန်းကြပ်သွားရသည့် ရင်ဘတ်ကြီး​ကြောင့် ရူးမတတ်ပါပဲ ။

ဖြစ်နိုင်ရင်​လေ နှလုံးသားဆိုတဲ့အရာကို မလိုချင်​တော့ဘူး ။
နှလုံးသား​ကြောင့် လူလည်း ပန်းလှပါပြီ ။

××××××××××××××××××××××××

' အစ်ကို့ကို​လေ ငယ် ...
သာကီ့​အ​ကြောင်း နည်းနည်း​လေး ဖုံးကွယ်ခဲ့မိလို့ ​တောင်းပန်ပါတယ်​နော် ။
အစ်ကို ​သောက​ရောက်မှာ မလိုလားတဲ့ good faith နဲ့မို့ exception ​ပေးဖို့ ​မျှော်လင့်ပါတယ် '

ကိုးထံမှ အမိန့်ကျလာပြီး​နောက် နွယ်သာကီလွင်ဟာ အဝတ်အစား​တွေ ​ဆောင့်​ဆောင့်​အောင့်​အောင့်နဲ့ ပြန်ထည့်ပြီး ဆူဆူပုတ်ပုတ် မျက်နှာထားနှင့် ထွက်သွား၏ ။ ဘာမှ​ မ​တောင်းဆိုဘဲ ​လျော​လျောလျူလျူ သူ့​ခြေ​ထောက်နဲ့သူ ထွက်သွားခဲ့တာပါ ။

​နောက်​တော့ ​ဇေခန့်ထည် အပြင်သွား​ရော ။
အိမ်မှာ တိမ်တိုက်ငယ်တစ်​ယောက်တည်းရှိ​နေချိန် အနက်​ရောင်ဝတ် လူတစ်စု အိမ်ထဲ​ရောက်လာသည် ။ သူတို့ဟာ ကိုးရဲ့လူ​တွေမဟုတ်မှန်း ငယ်သိသည် ။ သူတို့​တွေ ဘယ်လိုဝင်လာမှန်း​တော့မသိဘူး ။ ပြီး​တော့ ရဲ​တွေလည်းမဟုတ်ဘူး ။

အစ်ကို ငယ်​ကြောက်တယ်

​ကြောက်စိတ်​လေးရှိ​နေ​သော်လည်း ငယ်ဟာ ​ယောကျာ်းတစ်​ယောက်ပါ​လေ ။ ​ပျော့ညံ့သူတစ်​ယောက်လည်း မဟုတ်ခဲ့တာ​ကြောင့် စားပွဲ​ပေါ်က ပန်းသီးနွှာဓါးကို ကျစ်ကျစ်ဆုပ်ကိုင်၍ သူ​သေကိုယ်​သေ ဝင်လုံးမည်ဟု ဆုံးဖြတ်ထားခဲ့သည် ။ ထို​​သေနတ်ချိန်ထားသည့် အနက်​ရောင် လူ​တွေကို​ပေါ့ ။

' ​ဒေါက် ... ​ဒေါက် ...​ဒေါက် '

ထိုလူများ အ​နောက်မှ ​ဒေါင့်ဖိနပ်သံ စည်းချက်မှန် ထွက်လာ​တော့ အလျားလိုက်တန်းစီထားသူများသည် ဒိုင်လိုက်အ​နေအထား ​ပြောင်းစီကာ လမ်းဖယ်​ပေးကြ​လေသည် ။ မသိပါက အ​ကောင်ကြီးကြီး ရာထူးကြီးကြီးလာလို့ ကြိုဆိုကြသည့်အတိုင်း ။

တိမ်တိုက်ငယ် ဓါးရွယ်ထားသည်ကို မချ​သေးပါ ။ ​သေနတ်​တွေ ပြန်သိမ်းလိုက်ကြ​သော်လည်း​ပေါ့ ။

လွင့်ပြယ်သွား​သော တိမ်တိုက်ငယ် Donde viven las historias. Descúbrelo ahora