အပိုင်း ၅၆

2.3K 102 13
                                    

မုန်တိုင်းမလာခင် တိတ်ဆိတ်သာယာ​သော ရာသီဥတုသကဲ့သို့ အရာအားလုံးဟာ တိတ်ဆိတ်ငြိမ်သက်​နေ၏ ။ အိမ်က ကြီးသ​လောက် လူက နှစ်​ယောက်အပြင်မရှိ​ချေ ။ ၂​ယောက်ထဲက တစ်​ယောက်က အပြင်သွားတိုင်း တစ်​ယောက်တည်းကျန်ခဲ့ရတာ သိပ်အထီးကျန်တာပဲ ။ အိမ်မှာတူတူရှိ​​နေလည်း စကားသိပ်မ​ပြောဖြစ်ပါဘူး​လေ ။

အိမ်တဲ့ ။
ဒီ အိမ်ဟာ house ဆိုသည့် အရာဝတ္ထုပြနာမ်သက်သက်ပဲ ။ Home ဆို​​သော ​နွေး​ထွေးခြင်း​တွေ ကင်းမဲ့လျက် အသက်ဝင်မ​နေ​ချေ ။ ဒီ​လောက်​အေးစက်​နေသည့် ​နေရာ​လေးဟာ လွန်ခဲ့​သော ရက်ပိုင်း​တွေအတွင်း သိပ် ​နွေး​ထွေးခဲ့တာ​ပေါ့ ။

" ဘယ်သွားမလို့လဲ "

အပြင်သွားရန် ပြင်ဆင်​နေသည့် ကိုးကို ​မေးမိပြန်ပြီ ။
အမှန်တကယ် ဘာမှမ​ပေကာ ဘာမှ မ​မေးဘဲ စိတ်​ကောက်​နေသင့်တာ​လေ ။

" အလုပ်ကိစ္စပါ "

" ဘာအလုပ်လဲ
မ​ကောင်းတာလား ​ကောင်းတာလား
​ကောင်းတဲ့ ကိစ္စ​တော့ လုပ်မယ် မထင်ပါဘူး "

" အင်း ဟုတ်တယ်
မ​ကောင်းတဲ့ ကိစ္စ​လေ
အစ်ကိုက အမြဲတမ်း မ​ကောင်းတာ​တွေပဲ လုပ်​နေတာ "

" ကိုယ့်ကိုယ်ကိုယ် မ​ကောင်းမှန်းသိရက်နဲ့ ပြင်မယ်မရှိဘူး
မိုက်တွင်း နက်သထက်နက်​အောင် ခုန်ဆင်း​နေတယ် "

ငယ် တိုးတိုး​လေး ​​ရေရွတ်လိုက်ခြင်း ဖြစ်​ပေမယ့် ကိုး ကြားပါ၏ ။ ထို့​ကြောင့် အသာ​လေးသာ ပြုံးလိုက်ပြီး အပြင်ထွက်ခဲ့လိုက်သည် ။

ငယ့်ရဲ့ ဆန္ဒတွေ မကြာခင် ပြည့်​တော့မှာပါ ။
ဘယ်လို ရုန်းကန်ရုန်းကန် လွတ်လမ်းမရှိ​တော့ပါဘူး ။

တစ်ခုပဲ ။
အစ်ကိုက လွယ်လွယ်နဲ့ အရှုံးမ​ပေးချင်​​သေးဘူး ။
သူများထက် အမြဲ ​နောက်​ကောက်ကျခဲ့ရတဲ့ အစ်ကို့ဘဝမှာ ​သေ​သေ​ကြေ​ကြေ ​ရေဆုံးမြေဆုံး တိုက်ခိုက်ချင်​​သေးတယ် ။

ပိုင်ဆိုင်​သော ဟိုတယ်ထဲကို ​ခြေချလိုက်ချိန် မန်​နေဂျာက အ​ပြေးထွက်လာသည်ကို မြင်လိုက်ရသည် ။

" သူ​ဌေးရှင့် ..... သူ​ဌေးကို ​တွေ့ချင်​နေတဲ့ လူတစ်​ယောက်​ရောက်​နေတယ် "

လွင့်ပြယ်သွား​သော တိမ်တိုက်ငယ် Donde viven las historias. Descúbrelo ahora