ခေါင်းစဉ်မရှိသော…!
[ အပျော်တန်းစာရေးသူ၏စိတ်ကူးသပ်သပ်မို့ အမှားပါခဲ့ရင် ခွင့်လွှတ်ပေးကြပါရန် မေတ္တာရပ်ခံပါသည်။]
အခုတလောရွာမှာ သရဲလိုလိုဘာလိုလို နဲ့ကောင်ရဲ့ သောင်းကြမ်းမှုကြောင့် ရွာကလူတွေမှာ ညမအိပ်ရ၍ မျက်တွင်းဟောက်ပတ် နှင့် ဤကိစ္စကိုဖြေရှင်းရန်ပင်ခေါင်းစားနေကြသည်။
ညဘက်ဆို အိမ်တွေပေါ် ခဲတွေကျသည်။
အိမ်ခေါင်မိုး တွေပေါ် အကောင်ကြီးကြီး
တစ်ကောင်က ခုန်ခုန်ပြီး တစ်အိမ်နှင့်တစ်အိမ် ကူသွားသည်
စတဲ့ နည်းမျိုးစုံဖြင့် ရွာက လန့်နေခဲ့တာ သုံးညရှိခဲ့ပြီဖြစ်သည်။ရွာလန့်တာ ၃ညရှိပြီဖြစ်သလို ရွာထဲက မောင်ဝန ဆုံးသွားသည်မှာလည်း သုံးညရှိနေပြီဖြစ်သည့်အတွက် ရွာသား၏ တီးတိုးပြောသံက ရွာကိုလန့်နေသည်မှာ ဝနပင်ဖြစ်မည်ဟု ပြောကြသေးသည်။
ထိုအခါ လူသဘာဝ အပစ်ပုံချတတ်ကြတာကြောင့် ဝန၏ ချစ်သူ "လူလူ"ဆိုသည့် ကောင်လေးအား အပစ်ဖို့ကြတော့သည်။
"ဟဲ့ နင်တို့ရယ်အဲ့မကောင်းဆိုးဝါးက ငါတို့ရွာကိုရန်လိုနေတာလေ အဲ့ကောင်ကြီးကဝနပဲနေမှာ"
"တော် သူမဟုတ်လို့ဘယ်သူလဲသူသေထဲကရွာလန့်တာလေ သူကဟိုကောင်လေးကြောင့် ငါတို့ကိုရန်လိုနေတာအေ "
"ထို့ရွာတော့ဒုက္ခပါပဲအေ လူလူကိုရွာအပြင်ထွက်ခိုင်းထားလိုက်ရမလား သူကြီးနဲ့တိုင်ပင်အုံးမှပါလေ"
ရွာသူအန်တီကြီးတွေက ဟိုနားစုစု ဒီနားစုစုနဲ့ ဒီအကြောင်းအပ်ကြောင်းထည့်နေလေသည်။
လူလူအား လမ်း၌တွေ့ရင်တောင် မျက်မုန်းသောအကြည့်များဖြင့်ကြည့်ကာ ရွာလန့်ရတာနင့်ကြောင့်ဆိုတဲ့သဘောရိုးအကြည့်တွေပေါ့လေ။လေးရက်ည ခြောက်လန့်အပြီးမှာတော့
လူလူဆိုတဲ့ကောင်လေးဟာလည်း အိမ်ဝန်းထဲက အပင်၌ ကြိုးဆွဲချေ/သနေသည်ကို မနက် လယ်သွားသူများကတွေ့ရသည်။
သို့နှင့်ရွာ၌ ဝန/လူလူတို့၏ ရှေ့ဆင့်နောက်ဆင့် နာရေးအိမ်နှစ်အိမ်ဖြစ်နေလေသည်။ငါးရက်ညမှာပိုမို ဆိုးရွာစွာ ခြောက်လန့်လာသည်။
ခြောက်ရက်မြှောက်နေ့၌ ရွာသိုဦးလေးကြီးတယောက်ေရာက်လာခဲ့သည်။
YOU ARE READING
Oneshort Collection 🤎🍁