Chapter 1:ᴛʜᴇ ᴅᴇᴀʟ

443 25 1
                                    

စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချရင်း Jaehyunတစ်ယောက် လေကောင်းလေသန့်ရှူဖို့ ရုံးခန်းကနေထွက်လာတယ်။ စားပွဲပေါ်မှာ‌တော့ အပြီးမသတ်ရသေးတဲ့အလုပ်တွေက တစ်ပုံကြီး။ ဒါပေမဲ့ ခုချိန်မှာ သူ့ဦးနှောက်က ဒီအလုပ်ပုံကြီးကိုရှင်းနိုင်မယ့် အခြေအနေမဟုတ်တာမို့လို့ ၀မ်းကွဲအစ်ကိုရဲ့ စတူဒီယိုကို ခဏသွားလည်ဖို့ပဲ ဆုံးဖြတ်လိုက်လည်း
ရာသီဥတုက သူ့ဘက်မပါဘူးထင်ပါတယ် ။ စတူဒီယိုရောက်သွားမှ ဦးနှောက်ဆေးနိုင်ဖို့ နေနေသာသာ ပိုတောင်စိတ်ရှုပ်သွားရသေးတယ် ။ သူ့အစ်ကိုက မော်ဒယ်တွေအများကြီးနဲ့ photoshoot
လုပ်လက်စကြီးတဲ့လေ .....
စစချင်းကတည်းက ဒီကိုလာဖို့ကိုမစဉ်းစားခဲ့သင့်တာ။ ဒါမှမဟုတ် သူ့အစ်ကိုကလည်း အလုပ်ရှုပ်နေရင် လာလည်မှာကို ဘာလို့သဘောတူခဲ့သေးလဲ။ ဒီလောက်လူရှုပ်နေမှန်းသိရင် လာဖို့စိတ်တောင်ကူးမှာမဟုတ်ဘူး။
တကယ်တမ်း ပုံမှန်ဆိုရင်တော့ မော်ဒယ်ချောချောလေးတွေရဲ့ မျက်နှာကိုထိုင်ကြည့်ရတာလည်း ကောင်းပါတယ် ။ ဒါပေမဲ့ ခုလိုအချိန်မျိုးကျ လုံး၀ဆန့်ကျင်ဘက်ပဲ ။မြင်ရတာနဲ့တင် စိတ်က နေလို့ပိုဆိုးသွားရော

"Jay, အဆင်ပြေရဲ့လား၊ နေမကောင်းဘူးလား "

Johnny Seoတို့ကတော့လုပ်ပြီ။ ၀မ်းကွဲညီ‌စောက်ချောကြီးကို ရောက်လာကတည်းကပစ်ထားပြီး ခုမှလာမေးဖော်ရတယ် ။ လိုချင်တဲ့အတန်းရှင်းရတာနဲ့ မျက်လုံးလှန်ကြည့်ပြီး Jaehyunတို့ စရစ်ပါပြီ......

"Hyungက အလုပ်မအားဘဲနဲ့ ဘာလို့ကြိုမပြောတာလဲ"

Johnnyကတော့ ဘာမှမဖြေဘဲ ရယ်ပဲရယ်နေတယ် ။ တကယ်ပါပဲ သူ့ညီလေးက စိတ်ဆိုးနေတဲ့အချိန်ဆို ကလေးတုန်းကလိုပဲ ချစ်ဖို့ကောင်းနေတာ

"မသိဘူးလေ မော်ဒယ်ချောချောလေးတွေနဲ့တွေ့ရင် ပျော်သွားမလားလို့ "

ဟိုဘက်က မော်ဒယ်မတွေကလည်း ကိုလူချောလေးနှစ်ယောက်ကို ဆွဲဆောင်ချင်တာနဲ့ပဲ ဇွတ်တွေလာနှုတ်ဆက်နေကြတာ ။ Johnnyက ရယ်ပြီးနှုတ်ဆက်လို့ကို မပြီးတော့ပေမဲ့ Jaehyun တကယ်စိတ်မရှည်တော့ဘူး။

"အဘိုးနဲ့ ပြသနာတက်လာတာလား?"

Jaehyunက‌ဘာမှပြန်မဖြေပေမဲ့ လုံး၀တစ်ရာရာခိုင်နှုန်းသေချာတာပေါ့ ။ လူတွေအများကြီးအာရုံစိုက်တာခံရလို့ အဆင်မပြေဖြစ်နေတဲ့ Jaehyunကို အလုပ်ခန်းထဲပဲ ခေါ်ပြီးဆက်မေးရမယ်။ သူ့အလုပ်ကလည်းပြီးပြီလေ ။ ကျန်တာက တခြား၀န်ထမ်းတွေတာ၀န်ဖြစ်သွားပြီ။ လောလောဆယ် အရေးကြီးတဲ့အလုပ်က သူ့ညီပြောပြမယ့် အရှုပ်ထုပ်တွေနားထောင်ပေးဖို့။

𝗠𝗮𝗿𝗿𝗶𝗮𝗴𝗲 𝘄𝗶𝘁𝗵 𝗕𝗲𝗻𝗲𝗳𝗶𝘁 𝑀𝑦𝑎𝑛𝑚𝑎𝑟 𝑇𝑟𝑎𝑛𝑠𝑙𝑎𝑡𝑖𝑜𝑛Where stories live. Discover now