Jaehyunက သူ့ရှေ့မှာချထားတဲ့ စာချုပ်ကိုကောက်ဖတ်ကြည့်လိုက်တယ်။ တစ်ချက်ချင်းဆီ သေချာလိုက်ဖတ်ကြည့်ပြီးတဲ့နောက်မှာ Doyoungတောင်းဆိုထားတာတွေက ဘာပြဿနာမှမရှိ။ Jaehyunခန့်မှန်းထားသလို တစ်ယောက်ရဲ့ကိစ္စမှာ နောက်တစ်ယောက်က ၀င်မစွက်ရဘူးတို့ဘာတို့လို အချက်မျိုးတောင် သိပ်မတွေ့ရတော့ လက်ထပ်စာချုပ်ထက် အခန်းတူတူငှားနေရင်း စည်းကမ်းချက်ချရေးထားတာနဲ့တောင် ပိုတူနေတယ်။
ပုံမှန်မဟုတ်တဲ့အချက်မျိုး တစ်ခုမှကိုမပါတာ။" ဘယ်လိုနေလဲ "
Jaehyun ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး သဘောတူကြောင်းလက်မှတ်ထိုးပေးလိုက်တယ်။ အသိသက်သေနေရာကတော့ Renjun နဲ့Johnny"မင်းတို့ကို မိတ္တူတစ်စုံစီပေးထားပြီး မူရင်းစာချုပ်ကိုတော့ Jung မိသားစုရဲ့ စိတ်ချရတဲ့ရှေ့နေLee Taeyongဆီမှာ အပ်ထားလိုက်မယ်။ ခုလောလောဆယ်တော့ဒီမှာမရှိလို့ သူ့ဆီကိုနောက်မှပဲပို့ပေးလိုက်တော့မယ် " Johnnyက ကိုယ်စားလာလုပ်ပေးတဲ့ရှေ့နေပံုစံနဲ့ ပြောလိုက်တယ်။
"ကျွန်တော်တော့ Doyoung hyungလက်ထပ်တဲ့နေ့ကျ ဘယ်လိုပုံစံဖြစ်မလဲ ကြိုစိတ်ကူးကြည့်နေပြီ "
"အင်းးး တော်တော်လေးကြည့်ကောင်းမယ်ထင်တယ် "
ကာယကံရှင်တွေထက် ပိုတက်ကြွပြီး အတိုင်အဖောက်ညီနေတဲ့ Johnny နဲ့ Renjun ကို မျက်လုံးလှန်ကြည့်လာတဲ့Jaehyun
"ခုထိ လက်ထပ်ဖို့ရက်တောင်မသတ်မှတ်ရသေးပါဘူး "
"Hyungကဒီနေ့ည ကျွန်တော်တို့မိဘတွေနဲ့လာတွေ့ရမှာနော်"
"သူပြောတာမှန်တယ်။ Jaehyunက အိမ်ကမိဘတွေဆီ မြန်မြန်လာတွေ့ပြီး ငါ့ရည်းစားဟောင်းကို အမြန်ဆုံး အဝေးရောက်သွားအောင်လုပ်ရမှာ ။ အချိန်မရှိတော့ဘူး "
တစ်ချိန်လုံးငြိမ်နေတဲ့ Doyoungက ပြောချင်ရာပြောပြီး သူ့ညီနဲ့အိမ်ပြန်သွားပြီ။
Jaehyunကတော့ သူလုပ်နေတာတွေမှန်ရဲ့လား ဒီလိုဆုံးဖြတ်ခဲ့မိလို့ အနာဂတ်ကျရင် နောင်တရမလား မသိတော့ဘူး။ သေချာစဉ်းစားကြည့်မှ အဖြစ်အပျက်တွေက မြန်လွန်းလို့ အပြင်လူသာဆို ဘာဖြစ်သွားလဲတွေးလို့ လိုက်မီမှာမဟုတ်ဘူး။ Doyoung hyungနဲ့ အချိန်အကြာကြီးမတွေ့ရတာကနေ မနေ့ကမှအမှတ်မထင်ပြန်ဆုံတယ် ။ ဒီနေ့ကျ လက်ထပ်ဖို့ သဘောတူစာချုပ်တောင်ချုပ်လိုက်ပြီ။ ကုမ္ပဏီမှာ အကျိုးတူပူးပေါင်းတဲ့စာချုပ်ချုပ်ရင်တောင် ဒီလောက်မမြန်ဘူး။
YOU ARE READING
𝗠𝗮𝗿𝗿𝗶𝗮𝗴𝗲 𝘄𝗶𝘁𝗵 𝗕𝗲𝗻𝗲𝗳𝗶𝘁 𝑀𝑦𝑎𝑛𝑚𝑎𝑟 𝑇𝑟𝑎𝑛𝑠𝑙𝑎𝑡𝑖𝑜𝑛
FanfictionThis is a Myanmar Translation of Jaedo fanfic by @harubear01214 . All rights of this story goes to the original author. ဒရာမာအများကြီးမပါဘဲ ငြိမ့်ငြိမ့်လေးကို သဘောကျလို့ မူရင်းauthorဆီကနေ ခွင့်ပြုချက်ရတာနဲ့ ဘာသာပြန်လိုက်ပါတယ်။ Hope y'all enjoy this!!