Kang Daniel
ဒီနာမည်က Jaehyunအတွက် ထူးထူးဆန်းဆန်းခံစားရစေတယ်။ ဘာလို့လဲဆိုတော့ ဒါက သူ့ယောကျ်ားရဲ့ ရည်းစားဟောင်းနာမည် ....
ဒီလူကို အမြဲတမ်းမသိသလို လျစ်လျူရှုခဲ့ပေမဲ့ အခုတစ်ကြိမ်မှာတော့ မဖြစ်နိုင်ဘူး ။ အထူးသဖြင့် ဒီနာမည်ပိုင်ရှင်နဲ့ လူချင်းတွေ့ဆုံဖို့ဖြစ်လာချိန်မှာပေါ့။
"ဒီလောက်ထိ မြန်မြန်ဖြစ်လာမယ်လို့ မထင်ခဲ့ဘူးကို ...." ပါးချိုင့်တွေနဲ့ အမျိုးသားက တီးတိုးရေရွတ်လိုက်တယ်။
"ဘာဖြစ်လို့လဲ" သူ့ရဲ့အထက်လူကြီးက ထူးဆန်းနေတာကြောင့် Markက တစ်ချက်ပြန်မေးလိုက်တယ်။
"ဒီတော့ ဒါတွေက သန်ဘက်ခါပါတီအတွက် ဖိတ်ထားတဲ့ ဧည့်သည်စာရင်းလား .? "
Markက ခေါင်းငြိမ့်ပြလာတာမို့ Jaehyunလည်း စာရင်းစာရွက်ကို ပြန်ပေးလိုက်တယ်။
နှစ်ပတ်လည်ပါတီပွဲရဲ့ ဧည့်သည်စာရင်းကိုကြည့်ပြီး Jaehyunလုံး၀ကို အံ့အားသင့်သွားမိတာ။ ဒီတော့ သူ့ယောကျ်ားရဲ့ ရည်းစားဟောင်းအတွက် တစ်ခုခုပြင်ဆင်ပေးရမယ်မလား .... တကယ်တမ်းတော့ သူတို့လမ်းခွဲပြီးတဲ့နောက်မှာ Doyoung အတွက် နာကျင်ခဲ့ရတာမို့လို့ နည်းနည်းပါးပါး လက်စားချေပေးချင်ရုံပါ .... ီတော့ ဘယ်လိုအကြံမျိုးက အသင့်တော်ဆုံးဖြစ်မလဲဆိုတာ သေချာလေး စဥ်းစားရမယ်။
ပထမဆုံးလုပ်ရမှာက ဒီလူက Doyoungရဲ့ ရည်းစားဟောင်းနဲ့ တစ်ယောက်တည်းလားဆိုတာ အတည်ပြုရမယ်။ အင်တာနက်မှာ နာမည်ရိုက်လိုက်တာနဲ့ ပုံတွေက အများကြီးကျလာတာ ။ ပုံတစ်ပုံနဲ့ Renjunဆီကို မေးလိုက်တဲ့အချိန်မှာတော့ ဒီတစ်ယောက်ပဲဆိုတာ သေချာသွားပြီ။
လှောင်ပြုံးအကြီးကြီးတစ်ခုက ချောမောတဲ့မျက်နှာမှာ ပေါ်လာခဲ့တယ်.....
Renjunကို စာပြန်ပြီးတဲ့နောက်မှာတော့ Jaehyunကအလုပ်တွေသိမ်းပြီး အိမ်ပြန်ဖို့ပြင်ခဲ့တယ် ။ တကယ်တော့ သူတို့ရဲ့ ပရောဂျက်ကလည်း အပြီးသတ်ပြီးပြီမို့လို့ စောစောပြန်လည်း ပြသနာမရှိပေမဲ့ Markကတော့ ဘာဖြစ်လို့ ရုံးအစောကြီးဆင်းရတာလဲ မေးဖြစ်အောင်မေးလိုက်ပါသေးတယ်။
YOU ARE READING
𝗠𝗮𝗿𝗿𝗶𝗮𝗴𝗲 𝘄𝗶𝘁𝗵 𝗕𝗲𝗻𝗲𝗳𝗶𝘁 𝑀𝑦𝑎𝑛𝑚𝑎𝑟 𝑇𝑟𝑎𝑛𝑠𝑙𝑎𝑡𝑖𝑜𝑛
FanfictionThis is a Myanmar Translation of Jaedo fanfic by @harubear01214 . All rights of this story goes to the original author. ဒရာမာအများကြီးမပါဘဲ ငြိမ့်ငြိမ့်လေးကို သဘောကျလို့ မူရင်းauthorဆီကနေ ခွင့်ပြုချက်ရတာနဲ့ ဘာသာပြန်လိုက်ပါတယ်။ Hope y'all enjoy this!!