Chapter 6:ғᴇᴠᴇʀ

188 24 0
                                    

ဒီမနက်ခင်းက တစ်ခုခုမူမမှန်သလိုပဲ...
အရင်ရက်တွေလိုမဟာတ်ဘဲ Jaehyunက Doyoungထက် အရင်နိုးလာတာ ပထမတော့ Doyoungကလည်းပင်ပန်းနေလို့ မနိုးသေးတာ‌ေနမှာဆိုပြီး မထူးဆန်းသေးဘူး။ ဒါပေမဲ့ အသက်ရှူသံကလည်း ပုံမှန်ဖြစ်မ‌နေသလို နဖူးကိုစမ်းကြည့်ပြီး ကိုယ်တွေခြစ်ခြစ်‌တောက်ပူနေတာသိလိုက်ရတော့မှ Jaehyunတစ်ယောက် ပြာယာခတ်သွားတယ်။

"ရေအေးအေးနဲ့ တဘက်တစ်ထည်ယူပြီး အခန်းထဲကိုလာပို့လိုက်၊ သာမိုမီတာရောပဲ။ " အခန်းရှေ့ကဖြတ်သွားတဲ့ အကူကို လှမ်းအော်ရင်း Doyoungရဲ့လက်တွေကို သူ့လည်ပင်းမှာဖက်ထားပြီး နေရာပြောင်းပေးလိုက်တယ်။

"Hyung! " အိပ်ပျော်နေတဲ့လူကို နှိုးဖို့လုပ်ပေမဲ့ ညည်းညူသံတစ်ချက်ပဲပြန်ကြားရတယ်။ အပူချိန်ကလည်း ပိုပြီးတောင် တက်လာနေသလိုပဲ။

ခဏနေတော့ အိမ်အကူလေးက တံခါးခေါက်ပြီး သူမှာထားတာတွေလာပေးတယ်။ ယူလာတဲ့သာမိုမီတာနဲ့ ရေဇလုံကိုလှမ်းယူရင်း Doyoungအတွက် ဆန်ပြုတ်လုပ်ထားပေးဖို့ကိုလည်း မှာဖို့မမေ့။

"၃၈.၅ ဒီဂရီ ! "
သာမိုမီတာကိုကြည့်ပြီးလန့်သွားပေမဲ့လည်း စိတ်အေးအေးထားပြီး အိပ်ရာပေါ်ကလူကို ရေပတ်တိုက်ပေးဖို့လုပ်ရတယ်။ ပြီးတဲ့‌နောက်မှာတော့ ရုံးမတက်နိုင်တဲ့အကြောင်း Markဆီကို ဖုန်းဆက်ခဲ့တယ်။

"ဘာဖြစ်လို့လဲ ဘာတွေအဲလောက်အရေးကြီးနေလို့လဲ "
တစ်ဖက်က Markက အလန့်တကြားနဲ့ပြန်မေးလာတယ်။

"Doyoung hyungက ဖျားနေတာလေ သူ့ကိုဂရုစိုက်ရမှာမို့လို့ မလာနိုင်ဘူး "

"ခဏနေပါဦး ဒီနေ့အရေးကြီးမီတင်တက်စရာရှိတယ်လေ ဘယ်လိုလုပ်မလဲ "

"အချိန်ဆိုင်းထားလိုက်၊ သူတို့ဘက်က cancelသွားရင်လည်း ထားလိုက် "
အဘိုးက နိုင်ငံခြားရောက်နေတုန်းမို့လို့ အရေးကြီးအလုပ်တွေအကုန် သူပဲတာ၀န်ယူပေးနေရတာ။ ဒါပေမဲ့လည်း Doyoungကို ဒီတိုင်းထားခဲ့ဖို့ကျလည်း စိတ်မချဘူး။

"Hyung ဒါပေမဲ့... "

"Doyoung hyungအဆင်ပြေနေသရွေ့ ငါက ကိစ္စမရှိဘူး။ အခုချိန်မှာ‌တော့ hyungက အရေးကြီးဆုံးပဲ"
Jaehyunဘက်ကပဲ ဖုန်းချလိုက်တယ်။ Markက တစ်နည်းနည်းနဲ့တော့ အဆင်ပြေအောင်ကိုင်တွယ်နိုင်မယ်မှန်း ယုံပြီးသားမို့လို့။ အခုလောလောဆယ်မှာ အရေးကြီးတာက ဖျားနေတဲ့Doyoungပဲလေ။
အိပ်ရာဘေးက ဖုန်းကိုရှာရင်း contactတစ်ခုကို ထပ်ခေါ်လိုက်တယ်။ ဒီလူနဲ့ဖုန်းပြောရမှာကိုတော့ နည်းနည်း‌စိုးရိမ်မ်မိနေပေမဲ့ စကားပြောမှဖြစ်မှာ။

𝗠𝗮𝗿𝗿𝗶𝗮𝗴𝗲 𝘄𝗶𝘁𝗵 𝗕𝗲𝗻𝗲𝗳𝗶𝘁 𝑀𝑦𝑎𝑛𝑚𝑎𝑟 𝑇𝑟𝑎𝑛𝑠𝑙𝑎𝑡𝑖𝑜𝑛Where stories live. Discover now