Demon husband ❤️
by Shweyee ❤️
Uni
အဏ္ဏဝါတစ်ယောက် company အားအရင်လိုမသွားတော့ဘဲ အရေးကြီးသည့်အခါများတွင်သာသွား၍ အရေးကြီး meeting များအား Zoom ဖြင့်သာလုပ်သလို တစ်ဖက်ကလည်းလွန်းအားဂရုစိုက်တာမပြတ်ပေ ၊ အိမ်သားတွေအားလုံးကလည်း သက်လယ်ကိုယ်ဝန်ရှိနေတာကိုသိသောကြောင့် ယခင်ကထက်ပို၍ဂရုစိုက်ကြသည် ၊ ဦးလွန်းကတော့ မျက်ရည်များပင်ကျကာ ပျော်ရွှင်နေသလို ဧကရီကတော့ထခုန်တာ သူ့ဖူးစာရှင်တော့မွေးလာတော့မည်ဟု လက်သီးလက်ခမောင်းခတ်ကာ ခုန်ပေါက်နေသည် ၊ အခုလည်းသက်လယ်အိပ်နေတုန်း ဧည့်ခန်းထဲတွင် computer တစ်လုံးဖြင့်အလုပ်ရှုပ်နေသူက အဏ္ဏဝါပင်.......
"ဦး!..... coffee"
သေချာသည် စံအိမ်တွင်သူ့ကိုအားသခင်ကြီးဟုခေါ်ကြသလို ဘသူကမှမလေးမစားမလုပ်ကြ ၊ ထိုအကောင်က လွန်ခဲ့လလောက်က စံအိမ်ဝင်လာသော ကောင်လေးပင် ၊ ထိုကောင်လေးကမရှိဆင်းရဲသားထဲကလူမဟုတ် ၊ ထိုကောင်လေးကယခုဝန်ကြီးတစ်ယောက်၏သားပင် ၊ ဘာအကြောင်းကိစ္စကြောင့်သူ့အနားကပ်လာလဲဆိုတာသူမသိသလို ထိုသူအားအဏ္ဏဝါစောင့်ကြည့်နေမိသည် ၊ သူ့အား'ဦး'ဟုခေါ်ကာ လူမရှိသည့်အချိန်တွင်ဘေးနားလာတက်သောအကောင်က အကောင်သေးသေးပိန်ပိန်ပါးပါးလေးပင် ၊ သို့သော်အဲဒီအကောင်က သူ့ကိုမြူစွယ်နေသည်လို အဏ္ဏဝါထင်သည်......
"ဘာလာလုပ်တာလဲ!..."
"coffee လာပို့တာပါဦး"
"တောက်!....အဲတာမင်းအလုပ်လားအဲတာဒေါ်သက်အလုပ်လေ!"
"ဒေါ်သက်မအားလို့ပါဦး"
"မင်းငါ့ကိုဦးလို့မခေါ်နဲ့!...မင်းအလုပ်မင်းသွားလုပ်!"
အဏ္ဏဝါရဲ့အသံကျယ်ကျယ်ကြောင့်ဒေါ်သက်အပါအဝင် အလုပ်သမားအားလုံးမှာခေါင်းလေးတွေပြူတစ်ပြူတစ်ဖြင့် ချောင်းကြည့်နေကြသလို အားလုံးမှာလည်း သခင်ကြီးအား မြူစွယ်နေသောအကောင်အား ပါးရိုက်ချင်စိတ်များ တစ်ဖွားဖွားဖြင့် ....
ခွက်!
"တောင်းပန်ပါတယ်ဦး"
"တောက်!...မင်း!..."
YOU ARE READING
Demon husband {Completed}
Actionအချစ်လား? ဘဝမှာပထမဦးဆုံးနဲ့နောက်ဆုံးချစ်ခဲ့တာဆိုလိုမောင့်သက်လယ်တစ်ဦးတည်းပါပဲ မောင့်လိုမကောင်းတာတွေလုပ်နေတဲ့လူတစ်ယောက်ကိုနားလည်ပေးပီးအသက်ထက်ဆုံးချစ်ပေးတဲ့မောင့်သက်လယ်ကိုမောင်ကဘဝကြီးတစ်ခုလုံးကိုလက်ဆောင်ပြန်ပေးမိပီအသက်ရယ်