Demon husband ❤️
by Shweyee ❤️
Uni
မနက်မိုးလင်းတော့ သက်လယ်က ထမင်းကြော်နှင့်ငါးခြောက်ဖုတ်အဆာပြေကျွေးသည် ထို့နောက် အဏ္ဏဝါတို့သုံးယောက်သား လူကြီးအိမ်သို့ထွက်ခွာလာခဲ့တော့သည် ကိစ္စတွေကိုမြန်မြန်အပီးသတ်ချင်နေလေပီ......
"မှိုင်း အဲတာငါတို့ဌာနီကုန်းလေ ဘယ်လောက်သာယာလဲ"
လွန်းစကားကြောင့် အခုမှ အဏ္ဏဝါဘေးသို့သတိထားပီးကြည့်လိုက်မိသည် အိမ်ကထွက်လာကတည်းက လွန်းကိုငေးပီးသူလိုက်လာသည်မဟုတ်ပါလား ၊ လွန်းရဲ့မေးကြားချက်ကြောင့် အဏ္ဏဝါစူးစမ်းကြည့်လိုက်တော့ ဘာပကာသနမှမပါသည့်အလှတရား ရန်ကုန်လိုလူနေမသိပ်သည်းပဲ သူ့ခြံနှင့်သူဖြစ်သလို ကျယ်ဝန်းသောခြံတွင်နှစ်ရှည်သီးပင်စားပင်များနှင့် အသီးအရွက်များ ပန်းပင်များ ဝါးကိုအသုံးပြုပီးခတ်ထားသောခြံစည်းရိုး ဝါးအိမ်တွေရှိသလိုပျဉ်ထောင်အိမ်လဲရှိကြသည် တနိုင်တပိုင်မွေးမြူထားသော တရိတ္ဆန် များကိုလည်းတွေ့ရကာ....
"သာသာတယ်သက်လယ် အေးချမ်းတယ်"
"ဒါငါ့ရဲ့မွေးရပ်မြေလေ ငါ့မိဘတွေရဲ့ခေါင်းချရာမြေလည်းဟုတ်တယ်"
လွမ်းဆွတ်စွာ မျက်နှာငယ်လေးဖြင့်ပြောလာသောလွန်းသက်လယ် မျက်လုံးလေးများထဲတွင် မျက်ရည်ကြည်ဥလေးများ မျက်ရည်ကြည်ဥလေးများ ပါးပြင်ပေါ်သို့မကျစေရန် မျက်တောင်ကော့လေးများခတ်ကာ သိမ်းစည်းထားလိုက်သလို လွန်းကိုကြည့်ပီးအဏ္ဏဝါတစ်ယောက် စာနာမိသည် ဘသူကတော့ကိုယ့်ရဲ့ဇာတိချက်ကြွေမွေးရပ်မြေကိုစွန့်ချင်ကြမည်နည်း ၊ သူရက်စက်ရာကျနေမည်လား.....
"တောင်းပန်ပါတယ် သက်လယ်.....သက်လယ်ကို ကိုယ်မွေးရပ်မြေနဲ့ခွဲနေသလိုဖြစ်နေပီ"
"မဟုတ်တာ......ငါလည်းလိုက်ချင်ပါတယ်"
နှစ်ယောက်သားလေထုကထက်မန်အေးဆက်သွားပြန်လေပီ ဘသူကမှစကားအစလုပ်ပီးမပြောကျတော့ ကိုယ့်အတွေးနှင့်ကိုယ်သာလမ်းလျှောက်နေကြမိသည် ၊ အတွေးချင်းကတော့ နှစ်ယောက်သား အနာဂါတ်အတွက် စဉ်းစားခန်းဝင်နေခြင်းပင်....
KAMU SEDANG MEMBACA
Demon husband {Completed}
Aksiအချစ်လား? ဘဝမှာပထမဦးဆုံးနဲ့နောက်ဆုံးချစ်ခဲ့တာဆိုလိုမောင့်သက်လယ်တစ်ဦးတည်းပါပဲ မောင့်လိုမကောင်းတာတွေလုပ်နေတဲ့လူတစ်ယောက်ကိုနားလည်ပေးပီးအသက်ထက်ဆုံးချစ်ပေးတဲ့မောင့်သက်လယ်ကိုမောင်ကဘဝကြီးတစ်ခုလုံးကိုလက်ဆောင်ပြန်ပေးမိပီအသက်ရယ်