Part - 42

8.6K 433 15
                                    

Demon husband ❤️

by Shweyee ❤️

Uni

အဏ္ဏဝါလည်းသက်လယ်တို့အားလုံးအပြင်ထွက်သွားသောကြောင့် သားစေကို‌ ဒေါ်သက်နှင့်အပ်ကာ အပေါ်ထပ်ရှိအလုပ်ခန်းတွင် ဧကရီပို့လိုက်သော့ Mail တွေအားပြန်စစ်နေမိသည် ၊ Keyboard ပေါ်တွင်ပြေးလွှားနေသောတုတ်တုတ်ခိုင်ခိုင်လက်ချောင်းများနှင့် အကြောအဖြိုင်းဖြိုင်းထနေသော လက်များက အလွန်တရာပင်ကြည့်ကောင်းသလို အားကိုးစရာကောင်းလှသည် ၊ သို့သော်ထိုလူက လွန်းသက်လယ်ဆိုသည့်လူသားလေးအပေါ်တွင်သာ မေတ္တာတရားကြီးမားပီး အခြားသောလူတွေကသူ့အတွက်ကတော့ မြူမှုန်ထက်တောင်သေးငယ်လှပေသည် ၊ သွေးစွန်းနေသောလက်တွေက သက်လယ်အတွက်ဆို အားကိုးစရာကောင်းသလို တခြားသူတွေအတွက်ကတော့ ကြောက်စရာကောင်းလှသည့် အသက်တစ်ချောင်းကိုပင်နှုတ်နိုင်‌သောလက်တစ်ဆုံပင်.......

ဒေါက်!....ဒေါက်!....

"ဝင်လာခဲ့!..."

"ဦး"

"မင်းဘာလာလုပ်တာလဲ!....သေချင်နေပီလား..."

ဝေယံကသာယာသောအသံအနေအထားဖြင့်ပြောလိုက်သော်လည်းသူပြန်ရသည့်အနေအထားက ဦးရဲ့အော်ငေါက်ခြင်းကိုခံလိုက်ရသည် ၊ သို့သော်သူမမူပါ ဒီနေ့က သူဦးကိုတရားဝင်ပိုင်ဆိုင်ရတော့မည် မဟုတ်ပါလား ၊ ဦးကသူ့ကိုယ်ဆွဲသွားတော့မှမြင်ယောင်သေးပေ.....

"မဟုတ်ပါဘူးဦး....ဒေါ်သက်ကလိမ္မော်ရည်လာပို့ခိုင်းလို့ပါ"

"မင်းနောက်တစ်ခါငါ့ကို'ဦး'လို့ခေါ်ကြည့်မင်းဘာသာဝန်ကြီးသားဖြစ်ဖြစ်သမ္မတသားဖြစ်ဖြစ် မင်းလျှာကိုငါကိုယ်တိုင်ဖြတ်မှာ!"

"ဟုတ်သခင်ကြီး..."

ဦးကသူ့အားဝန်ကြီးသားဆိုတာဘလိုသိသွားလဲမသိ ၊ အေးလေ ဦးက Divel ဂိုဏ်းခေါင်းဆောင်ပဲ အဲလောက်တော့စုံစမ်းမှာပေါ့လေ ၊ ဒါပင်မဲ့သူဦးအားခတ်ထားသည့်စိတ်ကြွဆေးက အပြင်းဆုံးပင် ၊ 5 minutes အတွင်းဆေးစွမ်းပြလာသလို လွန်းသက်လယ်တို့လည်း 5 minutes အတွင်းပြန်ရောက်မလာနိုင်ပေ ၊ ဘယ်လောက်တောင်သူ့ယောက်ျားအပေါ် သစ္စာရှိပါတယ်ပြောပြော အခန်းထဲတွင်သူတို့နှစ်ယောက်ထဲရှိပါက အာသာဖြေသည့်အနေဖြင့် သူ့ကိုယ်ကျိန်းသေအသုံးပြုလိမ့်မည်........

Demon husband {Completed}Where stories live. Discover now