Demon husband ❤️
by Shweyee ❤️
Uni
အဂျစ်တို့ရေ ပထမဆုံးရေးခြင်းဖြစ်လို့အမှားတွေအများကြီးပဲကွယ် 😥 ၊ အခုလည်းတက်နိုင်သလောက်ပြင်ဆင်ထားပါတယ်ဗျာ 😇 extra နဲ့အတူ ပြန်လာပါပီဗျို့ 😘
လွန်းတစ်ယောက်ဒီနေ့ဒေါသထွက်နေသည်မှာ အဏ္ဏဝါစံအိမ် ကလူများပင်ကြောက်လန့်ကာ တုပ်တုပ်ပင်မလှုပ် ၊ ဖိုးလုံးလည်းထိုနည်းတူစွာပင် ၊ မကြာခင်သေးကအောင်မြင်လာသည် sharr အမည်ပေးထားသည့် coffee ဆိုင်လေးကလွန်ခဲ့တဲ့နှစ်အနည်းငယ်တည်းက အောင်မြင်လာခဲ့ခြင်း ၊ အလုပ်မရှိရှားလေးအားထိန်းရင်းနှင့် သင်တန်းတက်ကာ လူကြီးပေးသမျှမုန့်ဖိုးတွေအားစု၍ တည်ထောင်ထားခြင်းပင် ၊ အခုတော့ကျောင်းမှာရန်ဖြစ်သည်တဲ့ ၊ မောင်နှစ်မတွေဝိုင်းချတာ တစ်ဖတ်ကကလေးလေးက ခေါင်းဆယ်ချက်တောင်ချုပ်လိုက်ရသည့်အပြင် တစ်ခြားလူတွေကလည်း ဒဏ်ရာဘလပွဖြင့် ၊ သို့သော်အိမ်ကဘိုးတော်နှစ်ယောက်က မျောက်လောင်းတွေဘက်ကကူညီပီး တစ်ဖတ်မိဘတွေနဲ့ရန်ဖြစ်နေသည်တဲ့.......
လွန်းတစ်ယောက် ပညာရေးဝန်ကြီးများအစည်းအဝေးရှိလို့ တစ်ခါတစ်လေတက်ရောက်မိပါတယ် ပြဿနာကစတော့တာပါပဲ ၊ ကိုယ့်ကလေးတွေရဲ့ဒေါသကိုသိလို့ ကိုယ့်ကျောင်းမှာထားပါတယ် အခုတော့ရန်ဖြစ်သတဲ့ ၊ တစ်ဖတ်မိဘတွေကလည်း ဖုန်းဆက်ပီးတိုင်သလို လွန်းမှာလည်းအတော်ပင်တောင်းပန်လိုက်ရသလို ကြေအေးအောင်ပင်ဆေူဖိုးဝါးခတွေကော အတော်ပင်ထောက်ပံ့လိုက်ရတယ် ၊ အိမ်ကလူကတော့သူ့ကလေးတွေဘက်ကဝိုင်းပီး ရန်တောင်ဖြစ်လိုက်သေးသည် ၊ အဓိကထိန်းလို့မရသည်က သားဇိုင်းပင် ၊ ရှားလေး Grade - 2 ပင်ရောက်နေသလို သားစေက Grade - 6 ၊ သားဇိုင်းကတော့ KG ၊ KG မို့လို့အထင်မသေးနဲ့ ၊ အရပ်အမောင်းကတော့ လူကောင်ကကော ရှားလေးကိုတောင်ကျော်နေလေပီ.....
သားစေနဲ့ရှားလေးကဒေါသကိုထိန်းထားနိုင်ပင်မဲ့ သားဇိုင်းကမတူ ၊ ဒေါသကိုမထိန်းချုပ်တက်သလို ဒေါသလည်းထွက်လွယ်သေးသည် ၊ ထိုအရာတွေက အိမ်ကလူဆိုးအကောင်မောင့်ကြောင့်ပင် ၊ သားဇိုးင်းမွေးပီးရက်အနည်းငယ်အကြာ သားဇိုင်းကအောက်သွားလေးတွေထွက်လာသည် ၊ ရွာကဆရာတော်အားမေးကြည့်လိုက်တော့ သားဇိုင်းကဘီလူးနက္ခတ်ဖြင့်မွေးဖွားလာသည်ဟုပြောသည် ၊ သားဇိုင်းလေးနှစ်သားအရွယ်လောက်ကျတော့ လူဆိုးကောင်က အောက်လမ်းဆရာတွေကိုခေါ်ပီး သားဇိုင်းကျောတွင် ဘီလူးရုပ်ထိုးပေးသည် ၊ ထိုနေ့ကသူနှင့်လူဆိုးကောင် အကြီးအကျယ်ရန်ဖြစ်လိုက်သလို တစ်လလောက်စကားမပြောမိကျပေ ၊ သိကျွမ်းတဲ့ဆရာတွေအားမေးတော့ ပြဿနာမရှိပါဘူးဟုပြောပင်မယ့်လည်း ဒေါသကြီးတာက ထိန်းချုပ်ပေး၍မရပေ ၊ နက္ခတ်မိသွားသည်တဲ့ ၊ ဒေါသအိုးသခင်လေးအား Divel ဂိုဏ်းသားတွေက ချစ်ခင်ကြသည်.....
ESTÁS LEYENDO
Demon husband {Completed}
Acciónအချစ်လား? ဘဝမှာပထမဦးဆုံးနဲ့နောက်ဆုံးချစ်ခဲ့တာဆိုလိုမောင့်သက်လယ်တစ်ဦးတည်းပါပဲ မောင့်လိုမကောင်းတာတွေလုပ်နေတဲ့လူတစ်ယောက်ကိုနားလည်ပေးပီးအသက်ထက်ဆုံးချစ်ပေးတဲ့မောင့်သက်လယ်ကိုမောင်ကဘဝကြီးတစ်ခုလုံးကိုလက်ဆောင်ပြန်ပေးမိပီအသက်ရယ်