EPISODE - 8

2.9K 271 77
                                    

( Zawgyi )

သည်လိုနဲ့ Victory Hotelမှာ ဂျောင်ဂု အလုပ်ဝင်လာတာ တစ်လတိတိရှိလေပြီ ။ ထိုတစ်လအတွင်း သူနဲ့ထယ်ယောင်းနဲ့ အဆင်ပြေတယ်ပဲပြောရမလား ။ ပြဿနာ ကြီးကြီးတွေဖြစ်တာမျိုးလည်း မရှိပေ ။ သို့သော်ငြား ကင်မ်ထယ်ယောင်းကတော့ အခုထိ သူ၏ရင်ခုန်သံကို လျစ်လျူရှုထားဆဲပင် ။

" ဂွမ်ဂျူ ! "

" ဗျာ...ဆရာပြောလေ.. "

" ငါမင်းကို ရင်ဖွင့်စရာရှိတယ်... ပြီးတော့မှ ငါ့ဟျောင်းတွေကိုပြောပြမလို့ပဲ... အခုတော့ မင်းကိုအရင် ရင်ဖွင့်လို့ရမလား ? "

ဆရာ့စကားကြောင့် ဂွမ်ဂျူတစ်ယောက် ခေါင်းကပ်ကုတ်ကုတ်ရယ် ။ ဆရာ့အကြောင်းသိသည် ။ တစ်ခုမဟုတ် တစ်ခုမွှေတော့မှာ ။

" အသေးလေးရော ဘယ်မှာလဲ ? "

" ဟာ..ဆရာရယ်...စားဖိုဆောင်မှာရှိမှာပေါ့လို့ ! တစ်ကထည်းဗျာ... မနက်လည်း အသေးလေး ၊ ညနေလည်း အသေးလေး ၊ ညအိပ်ရင်ရော အသေးလေးပဲလား... ဟုတ်သေးရဲ့လား ဆရာ ! ဆရာအရင်က ကင်မ်ထယ်ယောင်း ဟုတ်သေးရဲ့လား... "

ဂွမ်ဂျူကြောင့် ထယ်ယောင်း သက်ပြင်းခပ်ယဲ့ယဲ့ချမိသည် ။ သူလည်း အခုတလောဘာဖြစ်နေလဲကိုမသိတာ ။ အသေးလေးဒီမှာ အလုပ်လုပ်တာကြာပြီ ။ အသေးလေးကလည်း သူ့အပေါ်တစ်ခါတစ်လေ စွာပေမဲ့လို့အရာရာကအဆင်ပြေနေဆဲပါပဲ ။ မပြေတာက အသေးလေးကသူ့နဲ့အတူမပြန်တာ ။ အသေးလေးကိုအနိုင်ကျင့်ပြီးကထည်းက တောင်းပန်တဲ့အနေနဲ့ လိုက်ပို့မယ်ပြောတာကို လက်မခံပါဘဲ Chefချန်နဲ့သာပြန်သည် ။

" ဂွမ်ဂျူ ! ချန်ဆောင်းမှာ ချစ်သူရှိလား... "

" မသိဘူးလေဆရာရဲ့ ! ကျွန်တော်လည်း သူ့အကြောင်းစုံစမ်းနေရတာမဟုတ်ပဲဗျာ... ဆရာက ဘာလုပ်မလို့လဲ ? "

" ဒီတိုင်းစုံစမ်းခိုင်းတာ... ကြိုက်နေတဲ့သူတွေများ ရှိမလားလို့.... "

" ဩော်.... "

ဂွမ်ဂျူ ခေါင်းတငြိမ့်ငြိမ့်ဖြင့် အကြံတွေပေါ်လာပါသည် ။ ဘာကြောင့်ဆို ကျွန်တော့်ဆရာက အခုဆိုတည်ငြိမ်ပြီး အသေးလေးအကြောင်းတွေးပူနေတာကို ။ သူချွန်မှဖြစ်တော့မည်လေ ။

Mine ! ( Completed )Where stories live. Discover now