EPISODE - 24

2.6K 183 94
                                    

( Zawgyi )

ညရောက်တော့ ဂျွန်ဂျောင်ဂုတစ်ယောက် ဇိမ်ကြနေပါသည် ။ အကြောင်းကတော့ ထယ်ယောင်းအိမ်မှာပဲ ရုပ်ရှင်ကြည့်ကာ ထယ်ယောင်းပေါင်ပေါ်ထိုင်ရင်း Pop Cornလေးစားလိုက် ၊ ထယ်ယောင်းက အအေးကို ကိုယ်တိုင်တိုက်လိုက်နဲ့ အဆင်ကိုပြေနေတာပါပဲ ။
ရုပ်ရှင်ကတော့ သရဲကားကြည့်နေတာပါ ။
သရဲတစ်ခါလာရင် ထယ်ယောင်းရင်ခွင်ထဲ ဝင်ဝင်ပုန်းတဲ့ အသေးလေးက သူ့မောင်နဲ့ဆို လုံးဝအဆင်ပြေနေတာပါပင် ။

" မောင် colaတိုက်ပေးဦး "

" ညနေကလို ယောကျာ်းလို့ခေါ်လေကွာ... အဲ့ဒါဆို မောင်ယူပေးမယ် "

" သွားစမ်းပါ ! ဒီမှာသရဲလာတော့မှာကို ! "

အရေးထဲ သရဲလာတော့မှာမို့ အအေးမြန်မြန်သောက်ဖို့ ကြံနေပါတယ်ဆိုမှ သူကစနေသေးသည် ။ ထိုအချိန် ဝုန်းဆိုသည့် အသံက ဖြစ်သွားသည်မို့ ပေါက်ပေါက်ဆုပ်ဗူးက ပြုတ်ကြသွားကာ ထယ်ယောင်းရင်ခွင်ထဲ ဖက်ထားပြီးသား ဖြစ်သွားပါသည် ။

" မကြောက်ပါနဲ့ကွာ ! မင်းယောက်ျားရှိတယ်လေ
တကယ်လို့ သရဲတောင် မောင့်ကိုတွေ့ရင် ချောလိုက်တာဆိုပြီးလုပြေးသွားလိမ့်မယ် ၊ အဲ့ဒီကြ အသေးလေးက မောင့်ကိုပြန်လိုက်ခေါ်နော် "

" ဝေးပါတယ် ! ထားခဲ့မှာ ! အသက်ရှင်ဖို့ အရေးကြီးတယ် ! မောင်ကစတေးခံလိုက်နော် ဟီးဟီး.... "

ထယ်ယောင်းရင်ခွင်ထဲတိုးဝင်ကာ မျိုးစုံးကလိနေတဲ့ အသေးလေးက သူ့သမာဓိကို ထပ်စမ်းနေသလော ။
သူ့လည်စိကို လက်ဖြူဖြူလေးက ပွတ်ရင်း
T-shirtဝတ်ထားတာကို ဟနေတဲ့နေရာကနေ ရင်အုပ်ကျယ်ကြီးကို ပွတ်သပ်နေတာ အဲ့တော့ ထယ်ယောင်းတစ်ယောက် ထိုအသေးလေးကို အသည်းယားနေရပါသည် ။

" မွ ! ကျွန်တော့်ယောကျာ်းက သိပ်ချောတယ် ! ဒီနှာထိပ်ကမှဲ့ကို တော်တော်မနာလိုတယ် ! ကျွန်တော့်နေရာကို လုယူရတယ်လို့ ! "

" ဟားဟား... အသေးလေးရာ ! "

ထယ်ယောင်းက သူ့အသေးလေးစကားကြောင့် ရယ်လိုက်တာကို အသေးလေးက သူ့အားပြန်ရန်တွေ့လာပါသည် ။

" ဟွန်း ! ဘာရီတာလဲ ! "

" မောင်ကတော့ အသေးလေးရဲ့ကိုယ်ပေါ်မှာ ရှိသမျှအရာတွေအားလုံးကို မောင်ကပိုလို့ကို မနာလိုတာကွာ... "

Mine ! ( Completed )Where stories live. Discover now