EPISODE - 27

2.3K 164 32
                                    

#Zawgyi

သည်နေ့ဟာ အထူးနေ့ ။
တိတ်ဆိတ်နေသောအခန်းဝယ် ဂျောင်ဂုလေးတစ်ယောက်လွန်စွာ စိတ်လှုပ်ရှားနေသည် ။ ဘာကြောင့်များ စိတ်လှုပ်ရှားနေလဲဆိုတာကတော့ အသေးလေးတစ်ယောက်ပဲသိနိုင်ပါသည် ။

" အဖွားကျွန်တော်စိတ်လှုပ်ရှားနေတယ် ဟင့် ! ဘယ်လိုကြီးလဲမသိဘူး "

ထယ်ယောင်းနဲ့ဂျောင်ဂု လက်ထပ်သည့်နေ့ ။ ဒါကြောင့် ဂျောင်ဂုတစ်ယောက် စိတ်လှုပ်ရှားနေသည် ။ ထယ်ယောင်းကလည်း အပြင်မှာသူ့အဖိုးနဲ့အတူလာရောက်တဲ့ ဧည့်သည်အပေါင်းကို နှုတ်ဆက်ရသည်မို့ ဂျောင်ဂုအနားမလာနိုင်ပါ ။ သူကိုယ်တိုင်လည်း သူ့အသေးလေးနားကပ်ချင်နေမှာတော့ အမှန်ပါပဲလေ ။

" မြေးရယ် ဗိုက်ထဲမှာလည်း ကလေးလေးနဲ့ကို
အများကြီးနဲ့ စိတ်မလှုပ်ရှားပါနဲ့ကွယ် "

အဖွားက စိတ်မလှုပ်ရှားစေဖို့
အာရုံပြောင်းသည် ။ အဖွားတို့အားလုံး ကလေးလေးကိစ္စ သိသွားကြပြီလေ ။ အကြောင်းကတော့ အမြဲတမ်း Instgram king ကြီးက အားလုံးကိုရသမျှတင်ကြွားနေသည်မို့
အစ်ကိုနမ်ဂျွန်ကထုတ်ပြောမိတာကြောင့် လက်ထပ်ပွဲစီစဉ်တဲ့နေ့မှ အကုန်သိသွားရတော့
အဖွားရော၊မောင့်အဖိုးရောက မျက်ရည်ဝဲသည်အထိ ပျော်နေကြသည်လေ ။
အစ်ကိုဂျီမင်တို့ဆိုလည်း မုန့်တွေလာပေးသည်မို့
ဂျောင်ဂုအတွက် ပျော်စရာကြီးပါလေ ။
အားလုံးကလည်း ကင်မ်အသေးလေး မမွေးခင်ကထည်းက သည်းသည်းလှုပ်ကြသည်မို့
မွေးလာရင်တော့ ဦးဦး၊တီတီတို့ဆိုကာ ချွဲနေတော့မှာတော့ အမှန်ပင် ။

ထို့အတူ ဂျောင်ဂု၏ပိုင်ရာဆိုင်ရာဖြစ်သော ထယ်ယောင်းဆိုသည်လည်း သူ့အသေးလေးကို
ဂရုစိုက်ရတာအမော၊ အသေးလေးဖြစ်ချင်တာကို
မရမကတောင် ဖြည့်စည်းပေးပါသည် ။ အသေးလေးဂျောင်ဂုက ကလေးဆန်သလို၊ မရရင်လည်းသောင်းကျန်းတာမို့ ဖြည့်ဆည်းပေးရပါသည် ။ မဟုတ်ရင်တော့ ထယ်ယောင်းအိပ်ရမည်ကိုမဟုတ်ပါ ။

" ဂျောင်ဂုကီးလေး အဆင်ပြေရဲ့လား "

အစ်မဆိုယွန်းအပြင် ဂျီမင်ပါအခန်းထဲ ဝင်လာသည်မို့ ဂျောင်ဂုစိတ်သက်သာရသည် ။
မဟုတ်ရင်တော့လား ယခုထိစိတ်လှုပ်ရှားနေမှာ
အမှန်ပင် ။

Mine ! ( Completed )Where stories live. Discover now