EPISODE - 17

2.3K 188 65
                                    

( Zawgyi )

ညနေပိုင်းရောက်တော့ ဂျီမင်၏ပန်းဆိုင်ဟာ တော့်တော့်ကို လူစည်နေလေပြီ ။ ဒါကြောင့်လည်း သူတို့အားလုံးအလုပ်ရှုပ်နေကြတာပေါ့ ။ သို့သော်ငြား ပန်းစည်းလာဝယ်တဲ့ ကောင်လေး/မလေးတွေကပါဂျောင်ဂုကိုသာ ကြည့်နေကြသည် ။ ယခုထိထယ်ယောင်းပန်ပေးထားသော ပန်းလေးကို မလွှင့်ပြစ်ပါဘဲ ယခုထိနားနားတွင်
ပန်ထားသည်လေ ။

ခဏကြာတော့ ဝယ်သူတွေလည်း ပါးသွားတာကြောင့် အားလုံးနာနေကြပြီး ဆိုင်သိမ်းဖို့လည်း ပြင်ဆင်ရတာပေါ့ ။ သူတို့အားလုံး ပြင်ဆင်နေကြစဉ် ဆိုင်တံခါးဖွင့်သံကြားတော့ လှည့်ကြည့်မိတော့ ယွန်းဂီတို့ပင်ဖြစ်လေသည် ။

" ဂျောင်ဂု ဂုဏ်ယူပါတယ်နော် ၊ ချစ်သူတွေတောင် ဖြစ်သွားပြီလား... "

ယွန်းဂီတို့လည်း IGကိစ္စကိုသိပြီးတော့ ပြောနေတာမို့ ဂျောင်ဂုပြုံးရင်း ပြန်ဖြေလိုက်လေသည် ။

" ကျေးဇူးပါပဲအစ်ကိုယွန်းဂီတို့ ၊ ဒါပေမဲ့ ကင်မ်ထယ့်ကို ကျွန်တော်က အခုမှစဉ်းစားတုန်းပဲ ရှိသေးတာပါ... "

ပန်းတွေသိမ်းရင်း ဖြေလာသည့်စကားကြောင့် ယွန်းဂီနဲ့ဟိုဆော့မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ခေါင်းခါနေကြစဉ် ဂျောင်ဂုက ယွန်းဂီဘက်လှည့်ကာ
စကားစလိုက်သည် ။

" အစ်ကိုတို့လည်း အရမ်းအားတယ်နော် ၊ ဒီကို အမြဲတမ်းလာတယ်ဆိုတော့ မိဘတွေရဲ့ လုပ်ငန်းတွေကို ဦးစီးသင့်ပြီထင်တယ်... "

ဂျောင်ဂုစကားကို နားမလည်ဟန်ကြည့်လာတဲ့ ယွန်းဂီကို မဲ့ပြုံးလေးပြုံးကာ ပြန်ဖြေလိုက်သည် ။

" ဒီတိုင်းပြောပြတာပါ ၊ အစ်ကိုဂျီမင် ဟိုမှာရှိတယ် ၊ ဩော်...ဒါနဲ့ အစ်ကိုဂျီမင်ကို သဘောကျတယ်ဆိုရင် အတည်ဖြစ်ဖို့ မျှော်လင့်ပါတယ် ၊ မဟုတ်ရင်တော့ ကျွန်တော့်လက်သီးက ကင်မ့်ထယ်တင်မဟုတ်ပဲ အစ်ကိုတို့ရှိပဲ ရောက်လာမယ်နော်... "

ပြောလည်းပြောပြီး သူ့အလုပ်သာဆက်လုပ်နေသည့် ဂျောင်ဂုကြောင့် ယွန်းဂီနဲ့ဟိုဆော့ တံတွေးတောင် ပြန်မြိုချနေရသည် ။ ဒါက သူတို့ကို ကြိမ်းသွားသည်လား ။ ထယ်ယောင်းဟာလေးက တကယ့်ကို အစွာလေးပဲ ။ ထစ်ခနဲရှိ ထိုးမယ်ဆိုတာကြီးပဲ ။ ဒါလေးကိုသာ ထယ်ယောင်းယူလိုက်ရင်တော့ သေချာပါတယ် ထယ်ယောင်းတော့ အမြဲပဲဖူးယောင်နေမှာ ။

Mine ! ( Completed )Where stories live. Discover now