Episode 4

107 22 1
                                    

Unicode ver ...

Renjun တို့ ပထမနှစ်ဝက်ပညာသင်ကာလစာမေးပွဲက ဒီနေ့နောက်ဆုံးဖြစ်သည်။ Renjun စာမေးပွဲဖြေပြီးလို့ ထွက်လာတော့ အရင်ထွက်နှင့်ကြပြီဖြစ်တဲ့ Shotaro တို့က ပန်းခြံထဲက ထိုင်ခုံတွင် စောင့်နေကြသည်။ Renjun ကိုမြင်တော့ ငါးယောက်လုံး ပန်းခြံထဲက ထွက်လာကြပြီး သူရှိရာကို လာလေသည်။ ထိုမှတဆင့် သူတို့အုပ်စု ကျောင်းကန်တင်းဆီသို့ သွားခဲ့ကြသည်။

"ဖြေနိုင်ကြလား " သူတို့ထိုင်တဲ့ဝိုင်းကို ရောက်လာတဲ့ Mark hyung က Renjun ကို ငေးကြည့်ရင်း ပြုံးပြီးမေးလေသည်။

"Hyung ကျွန်တော်တို့ကိုမေးချင်တာလား တစ်ယောက်သောသူကို မေးချင်တာလား" လို့ မေးလာတဲ့ Haechan စကားကို Mark hyung က ရယ်သည်။

"အာ အင်း တကယ်တမ်း မေးချင်တာတော့ တစ်ယောက်တည်းပေမဲ့ မင်းတို့လည်း ရှိနေတော့ မကောင်းတတ်တာနဲ့" Mark ရဲ့ ထိုစကားကို ကျန်တဲ့သူတွေရော Renjun ပါ အံ့သြသွားရသည်။

သူတို့ သိတဲ့ Mark hyung ဆိုတာ အသင်းမှာဆို ရင်းနှီးဖော်ရွေသလို သေချာလည်း Guideline ပေး၊ သင်ကြားပေးတဲ့ အစ်ကိုဆရာကောင်းတစ်ယောက်၊ အသင်းချိန်မဟုတ်တဲ့အချိန်ဆို ရွယ်တူသူငယ်ချင်းလို ပြောဟယ်ဆိုဟယ် လူတစ်ယောက်ဖြစ်ပေမဲ့ အခုလိုမျိုးတော့ ပြောဆိုတာမျိုးမရှိခဲ့။

"ဝှါး အချစ်က လူတစ်ယောက်ကို ပြောင်းလဲစေတာ အမှန်ပဲကို" လို့ Jeno က ထပြောတော့ "ဒါဆိုလည်း အဲ့တစ်ယောက်ကိုပဲ တိုက်ရိုက်မေးလိုက်ပါ ကျွန်တော်တို့ကို မရှိသလိုမျိုးပေါ့" လို့ Haechan က ဆက်ပြောတော့ Mark hyung က ရှက်ရယ်ရယ်လေသည်။

ဘယ်တုန်းတည်းက သူ့ထိုင်ခုံဘေး ဝင်ထိုင်မှန်း သတိမထားမိတဲ့ သူ့ခုံဘေးကMark ရယ်၊ သူ့သူငယ်ချင်းတွေရယ်ကြောင့် Renjun ကတော့ ရှက်ပြီး ဖုန်းကိုသာ သည်းကြီးမည်းကြီးကြည့်နေလိုက်သည်။ သူငယ်ချင်းတွေကတော့ သူ့ကိုကြည့်ရင်း ချောင်းတဟန့်ဟန့်နှင့်။

Renjun က သူငယ်ချင်းတွေကို Mark ဖွင့်ပြောကြောင်း မပြောပေမဲ့လည်း Mark hyung က Jeno တို့ကို ပြောပြသည်ဆိုတဲ့အတွက်ကြောင့် ဒီအုပ်စုက Mark hyung, Renjun ကို ဖွင့်ပြောမှန်း သိနေကြသည်။

He's mine! [MarkRen]Where stories live. Discover now