Episode 5

195 23 3
                                        

Unicode.

မကြာခင် Haechan တို့လည်း အရက်ဘီယာတွေ သောက်နေကြသလို အရက်မသောက်တတ်ဘူးဆိုတဲ့ Jaemin တောင် စီနီယာတွေနဲ့ သူငယ်ချင်းတွေရဲ့ အတင်းတိုက်မှုကြောင့် တစ်ခွက်၊ နှစ်ခွက်သောက်နေလေသည်။ သူကရော? သူကတော့ အရက်တွေက ဘာတွေမှန်းမသိတာနဲ့ အရှေ့နားက တွေ့သော ဘီယာတစ်ဗူးကိုသာ ဖောက်သောက်လိုက်သည်။

ခဏကြာတော့ Dancing Floor ထဲ စီနီယာတချို့နဲ့ Jeno တို့ သွားကြပေမဲ့ Renjun ကတော့ ညနေက အိပ်ရေးမဝသည့်အရှိန်နဲ့ ခုနက ဘီယာသောက်ထားသည်ရယ်၊ ဘီယာထက် Yang Yang လာတိုက်သော အရက်တွေရယ်ကြောင့် မူးသလို၊ အိပ်ချင်သလိုဖြစ်နေသည်မို့ မလိုက်သွားဘဲ နေခဲ့လိုက်သည်။ ဘေးက Mark hyung သွား၊ မသွားတော့ သူသတိမထားမိ။

ရုတ်တရက် အိမ်သာသွားချင်လာသည်မို့ Renjun , club က waiter တစ်ယောက်ကို မေးပြီး သူညွှန်ပြသည့်အတိုင်း သွားလိုက်သည်။ Renjun ကိစ္စပြီးလို့ ပြန်ထွက်လာတော့ အိမ်သာအပြင်မှာ ရပ်နေတဲ့ Mark hyung။ Renjun ခေါင်းညိတ်နှုတ်ဆက်လိုက်ပြီး ကျော်သွားတော့ သူ့လက်ကို လှမ်းဆွဲလာတဲ့ Mark hyung။

သူ့လက်ကို တင်းတင်းဆုပ်ကိုင်လို့ တစ်နေရာကိုခေါ်သွားသည်။ ဆုပ်ကိုင်ထားတဲ့ လက်ဖဝါးတွေက သာမန်ထက် ပိုပြီးပူနွေးသလို Renjun ခံစားမိသည်။ ထို့နောက် လှေကားတစ်ခုကို တက်သွားပြီး တံခါးပေါက်တစ်ခုကိုတွေ့သည်။ ထိုတံခါးကို ဖွင့်လိုက်တော့ အပြင်က လေထုအေးအေးကို ခံစားလိုက်ရသည်။ အပြင်ရောက်သည်အထိ ဆုပ်ကိုင်ထားတဲ့ လက်ကိုတော့ လွှတ်မပေးသေး။ ဒီလို ဘယ်သူမှမမေးဘဲ သွားတတ်တာဆိုတော့ ဒီ hyung က မကြာခဏ ဒီ club ကို လာလေ့ရှိတာလားဆိုပြီး Renjun တွေးမိသည်။

လက်ကိုလွှတ်ပြီး ထိုင်ခုံတစ်ခုံကို ဝင်ထိုင်လိုက်တဲ့ Mark hyung နောက်ကို Renjun လိုက်သွားပြီး Mark hyung ဘေး ဝင်ထိုင်လိုက်သည်။ အပြင်လေ ရှုလိုက်ရလို့လားမသိ မူးနေတာတွေလည်း သက်သာသွားသလို ခံစားရသည်။ Renjun ဤသို့တွေးနေတုန်း စီးကရက်နံ့ရသည်မို့ ဘေးကလူကိုကြည့်တော့ စီးကရက်တစ်လိပ်ကို ရှိုက်ဖွာနေသည်။

ဘာလဲ ဒီ hyung က စီးကရက်သောက်တတ်တာလား?

Renjun စိတ်ထဲကအတွေးနဲ့အတူ အပြင်မှာတော့ မျက်မှောင်ကြုတ်လိုက်မိသည်။ သူစိုက်ကြည့်နေတာသတိထားမိသွားတဲ့ hyung က စီးကရက်သောက်မလားဆိုတဲ့ အမူအရာနဲ့ သူ့ကို စီးကရက်ဘူးပေးလာသည်။

He's mine! [MarkRen]Where stories live. Discover now