I Can't Cry
အပိုင်း(၄)
"ဂျွန်ဂျောင်ကု မင်းဘာလုပ်ထားတယ်ဆိုတာမင်းသိတယ်မလား"
"ဘာကိုလဲ"
မေးဆတ်ကာပြန်မေးလိုက်ပုံကသူမလုပ်ထားတဲ့အတိုင်း........
"မင်း....ငါအလုပ်လုပ်တဲ့ဆိုင်ကိုသွားပြီး ဘာတွေပြောလိုက်တာလဲ"
"သြော်....အဲ့ဒါလား....ငါပြောတာဘာမှားလို့လဲဟမ်"
အမှန်တော့ဂျောင်ကုဆော့ဂျင်အလုပ်လုပ်တဲ့နေရာတိုင်းကိုသွားကာဆော့ဂျင်ကိုအလုပ်ပြုတ်အောင်လိုက်လုပ်နေခြင်းပင်။ အခုလည်းဆိုင်ရှင်ဆီသွားကာ ဆော့ဂျင်ဟာသူ့ယောကျၤားဖြစ်ပြီး စိတ်မမှန်တဲ့လူတစ်ယောက်ဖြစ်ကြောင်းပြောခဲ့ပေမယ့်ဆိုင်ရှင်ကဆော့ဂျင်ပုံစံကြောင့်မယုံခဲ့ပေ။
ဘယ်ရမလဲ ဘယ်သူမို့လို့...ဂျွန်ဂျောင်ကု ဘဲလေ ဆော့ဂျင်ဟာစိတ်ဖောက်လာရင်တစ်ယောက်ထဲစကားတွေပြောတတ်သည်ဟုပြောလိုက်တော့ဆိုင်ရှင်ကယုံသွားခဲ့တယ်လေ......
ဘာလို့လဲဆိုဆော့ဂျင်ကဖုန်းပြောရင်ဖုန်းကိုင်ပြီးပြောလေ့မရှိဘဲ နားတွင်နားကြပ်တပ်ကာပြောတာကြောင့်ပင်။အကွယ်ကနေချောင်းပြီးဆော့ဂျင်ကိုဒေါသထွက်စေမယ့်စကားကိုဖုန်းကနေတစ်ဆင့်ပြောလိုက်တော့ စိတ်ဆိုးလာသောဆော့ဂျင်ကို ဆိုင်ရှင်ကပြူးကြည့်နေခဲ့သည်။ ဆိုင်ရှင်ကဆော့ဂျင်ဆံသားရှည်ရှည်တွေနဲ့ဖုံးအုပ်နေသောနားကြပ်ကိုမမြင်တာကြောင့် တစ်ယောက်ထဲစကားတွေပြောကာ ဒေါသလည်းထွက်နေသည်ကိုမြင်ခဲ့တာကြောင့်ဖြစ်သည်။
"ဘာမှားလို့လဲ ဟုတ်လား"
"........"
"ငါကစိတ်မမှန်တဲ့လူဆိုပြီးမင်းပြောခဲ့တာလေ...."
"ဟုတ်တယ်လေ"
"ဘာ!"
ဂျောင်ကု ကထိုင်နေရာမှဆော့ဂျင်နဲ့တစ်တန်းထဲရပ်လိုက်ပြီး......
"ငါမင်းကိုပြောပြီးသားလေ....မင်းရဲ့အရာရာတိုင်းကိုလိုက်ပြီးဖျက်စီးမယ်လို့လေ"
"ဂျောင်ကု မင်းအခုထိကလေးစိတ်မကုန်သေးဘူးလား"
"ဘာပြောတယ်"