Ep-7

1.4K 182 32
                                    


I Can't Cry

Ep-7

ဂျောင်ကုညကဆော့ဂျင်ကိုမအိပ်မချင်းစောင့်လိုက်တာကြောင့်သူညနက်သွားရသည်။အခန်းထဲရောက်တော့လည်းဘာရယ်မဟုတ်ရောက်တက်ရာရာတွေးရင်း အိပ်ယာဝင်နောက်ကျသွားရသည်။သူ့နမည်ခေါ်သံကြောင့်စောင်ပုံထဲမှလူးလွန့်နေမိပေမယ့် ကိုက်ခဲနေတဲ့ခေါင်းကြောင့်မျက်လုံးတို့ကဖွင့်မရပေ။ခေါ်သံကနီးလာတာကြောင့် မျက်လုံးတို့ကိုကြိုးစားဖွင့်ကာ  နားထင်ကိုလည်းလက်ဖြင့်ထောက်ထားမိသည်။တကိုယ်လုံးကိုစောင်နဲ့ရစ်ပတ်ထားတာကြောင့် စောင်ကိုဖယ်ခွာနေစဉ်မှာဘဲ သူ့ပေါ်သို့အရှိုန်ပြင်းပြင်းဖြင့်ပြုတ်ကျလာတဲ့အရာတခု။မျတ်ကနဲဖြစ်သွားတဲ့ခါးနဲ့အတူ ဒေါသကပါထွက်သွားရသည်။ဒါကြောင့်ခြုံထားတဲ့စောင်ကိုအတင်းဖယ်ကြည့်တော့ ခုထိသူ့ကိုယ်ပေါ်ကမထသေးဘဲသူ့ကိုပြူးကြည့်နေတဲ့ဆော့ဂျင်ကြောင့် ပိုဒေါသထွက်ရသည်။

"ဖယ်လေ....ဘာကြောင်ကြည့်နေတာလဲ....​အောက်မှာသေတော့မယ်!!"

"ဟင်"

ဂျောင်ကုရဲ့ခပ်ဆောင့်ဆောင့်အသံကြောင့် ဆော့ဂျင်ဂျောင်ကုကိုယ်ပေါ်မှကုန်းထလိုက်သည်။အမှန်ဆိုသူလှည့်ထွက်ဖို့လုပ်နေတာ။ခြေထောက်ချင်းလိမ်ပြီး ဂျောင်ကုကိုယ်ပေါ်ပြိုကျသွားခြင်းဖြစ်သည်။

"ငါ.....ဟို...မေမေလေးကမနက်စာစားဖို့မင်းကိုခေါ်ခိုင်းလိုက်လို့"

သူပြောနေရင်းဂျောင်ကုကထထိုင်ကာ ကိုယ်ပေါ်ကစောင်ကိုခွာချတော့ ခန္ဓာကိုယ်အပေါ်ပိုင်းကအဝတ်မပါပေ။​ဆော့ဂျင်မျက်နှာကိုဘေးသို့မသိမသာလွှဲထားလိုက်ရသည်။

ဂျောင်ကုကတော့ နိုးကစမို့ဆံပင်တွေကဖွာလန်ကြဲနေပြီး ခေါင်းကိုလည်းဖိကိုင်ထားသေးသည်။

"မင်း....မင်းပြီးရင်ဆင်းလာခဲ့ မေမေလေးစောင့်နေတယ်"

"မင်းကိုဘယ်သူကသွားခိုင်းသေးလို့လဲ"

"ဟင်"

ထွက်သွားဖို့လုပ်​နေတဲ့ဆော့ဂျင်ကိုဂျောင်ကုခပ်ဆောင့်ဆောင့်အော်ပြောလိုက်သည်။ပြီးတော့ကုတင်အောက်သို့လျှောဆင်းကာ ခြေထောက်တစ်ချောင်းကိုဆင်းပြီး ကျန်ခြေထောက်တစ်ချောင်းကိုတော့ထောက်ကာထိုင်နေသည်။

I Can't CryWhere stories live. Discover now