လူသုံးယောက်သာရှိတဲ့ထမင်းစားပွဲဝိုင်းလေး။ Seok Jinနဲ့Jung Kookကမျက်နှာချင်းဆိုင်ဖြစ်ပြီး စားပွဲထိပ်မှာက မစ္စဂျွန်ဖြစ်သည်။
"မေမေ!.. ဒီညကျွန်တော်ကုမ္မဏီကလူတွေကို ပါတီပေးဖို့ပြောထားတယ် မေမေစီစဉ်ပေးပါဦး"
"ဘယ်ချိန်လောက်လဲ"
"ညခုနှစ်နာရီလောက် ဟို....သောက်မယ့်သူတွေလည်းပါတယ်မေမေ"
"ဟုတ်ပါပြီ မေမေစီစဉ်ပေးမယ်ဟုတ်လား"
"ဟုက်ကဲ့မေမေ လူအများကြီးတော့မဟုတ်ပါဘူး"
သားမိနှစ်ယောက်စကားတွေအပြန်အလှန်ပြောနေပေမယ့် Seok Jinကတော့ ခေါင်းအောက်ငုံ့ကာ ထမင်းကိုသာငုံ့စားနေလေသည်။
"မေမေ!.. Jeon Seok Jin က ဘာဖြစ်နေတာလဲ"
Seok Jin သူ့နမည်ကြားလို့မော့ကြည့်လိုက်တော့ Jung Kook ကသူ့ကိုမျက်ခုံးပင့်ပြလာသည်။ကလေးလိုလို ခွေးလိုလိုနဲ့သူ့ကိုမေမေလေးနဲ့တိုင်နေတာ။
"ဘာဖြစ်လို့လဲ သားဂျင် ဟင်းတွေက စားမကောင်းလို့လား"
"မဟုတ်ပါဘူး မေမေလေး စားကောင်းပါတယ်"
Seok Jin မေမေလေးစကားကိုပြန်ဖြေလိုက်ပြီး Jung Kook ကိုမျက်လုံးလှန်ကြည့်လိုက်သည်။Jung Kookက သူ့ကိုတချက်သာစိုက်ကြည့်ပြီး မျက်နှာလွှဲသွားသည်။
"ကျွန်တော် တော်ပြီမေမေလေး"
"ကျွန်တော်လည်း တော်ပြီမေမေ"
Seok Jinကလျှောက်ထွက်ခဲ့တော့ Jung Kookကပါ Seok Jinနောက်က ကပ်လိုက်လာသည်။
"ငါနဲ့ခဏလိုက်ခဲ့!..."
ပြန်ပြောဖို့စကား မစလိုက်ရခင်မှာဘဲ Jung Kook ကသူ့ကိုလက်ကောက်ဝတ်ကနေ ဆောင့်ဆွဲကာ လှေကားထစ်တွေအတိုင်းအပေါ်ကိုတောက်လျှောက်သူ့ကိုဆွဲခေါ်သွားသည်။
အခန်းထဲရောက်တော့ သူ့လက်ကိုလွှတ်ပေးလာကာ တံခါးကိုလော့ချပစ်သည်။
"ဘာကိစ္စလဲ"
"အဲ့မျက်နှာက ဘာဖြစ်ဝာာလဲ!"
ဆူပုတ်ပုတ်မျက်နှာပေးကြောင့် သူပြောတော့ သူ့ကိုကြည့်ပြီးမျက်စောင်းထိုးသည်။ဒါကဘာအထာလဲ။