Ep-8

1.5K 182 33
                                    


I Can't Cry

Ep_8

ပန်းခြံလည်းမဟုတ်သလို ကစားကွင်းလည်းမဟုတ်ပေ။လူသွားလူလာနည်းပြီး တိတ်တိတ်ဆိတ်ဆိတ်နဲ့ လေကောင်းလေသန့်ရတဲ့နေရာလေးတစ်ခု။

ဘေးချင်းယှဉ်လျှောက်နေတဲ့ လူငယ်လေးနှစ်ယောက်ဟာ တစ်ယောက်တစ်မျိုးဆီချောကြပါသည်။တစ်ယောက်စနှစ်ယောက်စလူတွေသည် ထိုလူငယ်လေးနှစ်ဦးကို လှည့်ကြည့်လှည့်ကြည့်ဖြင့် ချီးမွမ်းစကားတွေခပ်တိုးတိုးဆိုကြသည်။

"Hoseok shii ကျွန်တော့်ကိုခုလိုတွေ့ဖို့ချိန်းတာ ဘာကိစ္စရှိလို့လဲဟင်"

တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကို Seok Jin မှဖြိုခွဲလိုက်သည်။ထိုအခါလမ်းလျှောက်နေရာမှ Hoseok ကရပ်လိုက်ပြီး Seok Jin နဲ့မျက်နှာချင်းဆိုင်ရပ်ကာ တချက်ပြုံးလိုက်သည်။ပြီးတော့ ဘောင်းဘီအိတ်ထဲလက်နှစ်ဖက်ထည့်ကာ အရှေ့ကိုဆက်လျှောက်သည်။Seok Jin လည်း Hoseok ​နောက်မှလိုက်လာခဲ့လေသည်။ကန်ရေပြင်နားရောက်တော့ Hoseok က Seok Jinကို မြက်ခင်းပြင်ပေါ်မှာထိုင်ဖို့အချက်ပြလိုက်သည်။သူကိုယ်တိုင်လည်းထိုင်ချပစ်လိုက်သည်။

"ကျွန်တော် Seok Jin shii ကိုပြောချင်တာက"

Hoseok ကစကားကိုဆက်မပြောဘဲ Seok Jin ရဲ့လက်တစ်ဖက်ကိုဆွဲယူကာ ဆုပ်ကိုင်လိုက်သည်။ရုတ်တရက်လက်ကိုကိုင်လာတာကြောင့် Seok Jin ပြန်ရုန်းနေမိသည်။သို့သော် Hoseok ကလွှတ်မပေးပါချေ။

"ကျွန်တော် Seok Jin ကိုချစ်တယ်"

"ဟင်"

လုံးဝထင်မှတ်မထားတဲ့ဒေါက်တာရဲ့စကားကြောင့် Seok Jin ဟာမျက်လုံးတွေပြူးကျယ်သွားရပြီး ရုန်းနေတဲ့လက်သည်လည်းရပ်တန့်သွားရတော့သည်။

သူ့ဘဝမှာခုလိုရည်းစားစကားပြောခံရတာ ဒါပထမဆုံးပါဘဲ။ဝမ်းသာတာလား ဝမ်းနည်းတာလားသူလည်းမသိတော့ပေ။ပတ်ဝန်းကျင်က​ဝေဖန်ကဲ့ရဲ့ခံထားရတာကြောင့်သူ့ကိုမေမေလေးမှလွဲ ဘယ်သူကမှချစ်တယ်လို့မပြောခဲ့ဖူးပေ။ဘဝမှာချစ်တယ်လို့ အပြောခံဖူးချင်တာ လူနှစ်ယောက်ဘဲရှိခဲ့ဖူးပါသည်။ထိုစကားကိုဘယ်သူဆီကမှမကြားရသေးခင် ဒေါက်တာလေးဆီကကြားရတယ်ဆိုတော့ သူ့ရင်တွေတဒုန်းဒုန်းမြည်ဟိန်းလေပြီလေ။ဆယ်ကျော်သက်လေးတစ်ယောက်မဟုတ်ပေမယ့် တိတ်တခိုးလေးသဘောကျမိတဲ့သူမှလွဲရည်းစားမှမထားခဲ့ဖူးတာကို။

I Can't CryWhere stories live. Discover now