Part 3

971 109 11
                                    


Unicode

" ဘာ ❗❗"

ရွှေရောင်တွေတလက်လက်‌တောက်ပနေတဲ့ နန်းဆောင်မှာ ပုလ္လင်ပေါ်က တစ်စုံတစ်ယောက်ကတော့ မျက်နှာတွေနီရဲနေအောင်ဒေါသထွက်နေတယ်။ယုန်သွားတွေကို တင်းတင်းကိုက်လို့ ရှေ့မှာ ဒူးထောက်နေတဲ့ နှစ်ယောက်ကိုသာ စူးစူးရဲရဲစိုက်ကြည့်နေသည်။

" ပေါက်စီလုံး "

" ဟာ ခမည်းတော်ကလည်း ဘယ်လိုကြီးခေါ်လိုက်တာလဲ "

ရိပေါ် ရှောင်လူကြီးရှေ့မှာ ဒီလိုအခေါ်ခံလိုက်ရတာကြောင့် ရှက်ရမ်းရမ်းကာ ထပြောတယ်။ ဘေးနားက ရှောင်းကျန့်ကတော့ ရိပေါ်ကိုသာ အသည်းယားဟန်စိုက်ကြည့်နေလေသည်။

မိုးကြိုးနတ်ဘုရား  ခမျာမှာတော့ ရှေ့ကအခြေအနေတွေကြောင့် ခေါင်းတွေအုံခဲလာသလိုလို။

" ပေါက်စီလုံး မင်းကို နတ်ဘုံမှာ မွှေလွန်းလို့ တစ်လလောက် ဒဏ်ပေးလိုက်တာ။ အဲ့ဒါကို မင်းက ယောကျာ်းပါ ခေါ်လာတယ်ဟုတ်လား "

" ဟာ ခမည်းတော်ကလည်း သားတို့က ကြင်ရာဖက်တွေမဟုတ်ကြသေးပါဘူး "

မျက်နှာရဲရဲနဲ့ ပြောနေတဲ့ သားတော်မောင်ကြောင့်

" တိတ်စမ်း ဒီကိစ္စကို ငါလုံးဝသဘောမတူဘူး "

" ဟင့် ခမည်းတော် "

" ဟို ဟိုယောက္ခမတော် "

" ဘာ ❗"

" အဲ မိုးကြိုးနတ်ဘုရား ကျွန်ုပ် သင့်ရဲ့သားကို တကယ်မြတ်နိုးတာကြောင့် လက်ခံပေးဖို့တောင်းဆိုချင်ပါတယ် "

" လက်မခံဘူး။ မိစ္ဆာအရှင် တကယ်ဆို သင့်ရဲ့သက်တမ်းက ကျွန်ုပ်တို့ထက်တောင်ပိုရင့်ပါသေးတယ်။အဲ့ဒါကို သားတော်နဲ့ ဘယ်လိုများ "

ရင့် ဆိုတဲ့နေရာမှာ တမင်တကာကို အသံဖိပြောလိုက်တာကြောင့် ရှောင်းကျန့်မျက်နှာရှုံ့တွသွားတယ်။ဒီသားအဖနှစ်ယောက်လုံးက သူ့ရဲ့အသက်ကိုပဲလာလာထိခိုက်နေကြတယ်လေ။

" စိတ်ရင်းအမှန်မလို့ သဘောတူပေး ..

" မတူနိုင်ဘူးလို့ "

" ကိုကို "

" ဟင် သည်းငယ် "

အပြာနုရောင် ဝတ်ရုံလေးနဲ့ နန်းဆောင်အတွင်းကို တရွေ့ရွေ့ဝင်လာတဲ့ ကြင်ရာတော်ကြောင့် မိုးကြိုးနတ်ဘုရားရဲ့ တင်းမာနေတဲ့ မျက်နှာထားက တဖြည်းဖြည်းပြေလျော့သွားတယ်။

My Baby booWhere stories live. Discover now